Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အားလုံးပါဝင်မည့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး ဆန္ဒပြပွဲ ခွင့်ပြုချက်ကျ


Saturday, January 4, 2014

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အားလုံးနှင့် လူမှုအဖွဲ့အစည်း ၅၉ ဖွဲ့ပါဝင်မည့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေးအပေါ် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၃ ရက်တွင် ကျောက်တံတားမြို့နယ် ရဲစခန်းက ခွင့်ပြုချက် ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို ဇန်န၀ါရီ ၅ ရက်တွင် မဟာဗန္ဓုလပန်းခြံနှင့် တရားရုံးချုပ်အကြား၌ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကာ ၈၈ မျိုးဆက်အဖွဲ့မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါအ၀င် အဖွဲ့ဝင်အားလုံးနီးပါး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အာမခံချက်ရှိရှိ ဆောင်ရွက်ပေးဖို့၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေလုပ်ပေးဖို့ ဆန္ဒပြမှာပါ။ ကျွန်တော်တို့ ၈၈ မျိုးဆက်အဖွဲ့က ခေါင်းဆောင်အားလုံးနီးပါး ပါဝင်မှာပါ
ဆန္ဒပြပွဲတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ အပါအ၀င် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊ အရေးယူမှုများနှင့် ပတ်သက်၍ ဦးပြုံးချို၊ ဦးမာကီးနှင့် မမီးမီးတို့က ဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အာမခံချက်ရှိရှိ ဆောင်ရွက်ပေးဖို့၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေလုပ်ပေးဖို့ ဆန္ဒပြမှာပါ။ ကျွန်တော်တို့ ၈၈ မျိုးဆက်အဖွဲ့က ခေါင်းဆောင်အားလုံးနီးပါး ပါဝင်မှာပါ” ဟု ဦးပြုံးချိုက ပြောကြားသည်။

ယခုဆန္ဒပြမှုသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဆန္ဒပြမှု ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေး၊ နိုင်ငံရေးအရ ဖမ်းဆီးမှုချက်ချင်းရပ်၊ Freedom စသည့် ကြွေးကြော်သံများ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအစိုးရ သက်တမ်းအတွင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး လူ့အခွင့်အရေးနှင့် လယ်သမားအခွင့်အရေး လှုပ်ရှားသူ အများစုမှာ အဆိုပါဥပဒေဖြင့် ဖမ်းဆီးအပြစ်ပေးခံရမှုများ ရှိခဲ့သည်။

ယခုဆန္ဒပြမှုမှာ ပုဒ်မ(၁၈)နှင့် ပုဒ်မ ၅၀၅ (ခ)များကို ပယ်ဖျက်ပေးရေးများအတွက် သက်သက်မဟုတ်ဘဲ လူ့အခွင့်အရေးကို ကန့်သတ်ပိတ်ပင်ထားသည့် အချက်များကို ကန့်ကွက်ရန် ဆန္ဒပြခြင်းဖြစ်ကြောင်း မမီးမီးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment