Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

မလေးရှားဓာတ်ပုံသတင်းထောက်ရိုက်ကူးထားတဲ့ ကင်ဆာဝေဒနာသည်ညီဖြစ်သူရဲ့ ဓာတ်ပုံတွေ



မလေးရှားဓာတ်ပုံသတင်းထောက်အာမက်ဟာ ကင်ဆာရောဂါနဲ့ သေအံ့ဆဲဆဲညီဖြစ်သူကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဟာ စိတ်နှလုံးကြေကွဲစရာပါပဲ။
အသက် ၃၃ နှစ်အရွယ်မိုဟာမက်ဟာ  germ cell tumourဆိုတဲ့ကင်ဆာဖြစ်ပွားနေကြောင်းသိရှိရပြီး  ၃၉ ရက်အကြာမှာသေဆုံးသွားခဲ့ပါတယ်။(germ cell tumourဆိုတာမျိုးပွား ကင်ဆာလို့ ပြောရ မယ်ထင်ပါ တယ်။)

အာမက်ရဲ့ ဖခင်နဲ့ တခြားအကိုတစ်ယောက်ဟာ ၂၀၁၁ နဲ့ ၂၀၁၂ မှာဆက်တိုက်ဆုံးပါးသွားခဲ့ကြပါတယ်။
"ကျနော့်အဖေနဲ့ အကိုက ၂၀၁၁နဲ့ ၂၀၁၂မှာဆက်တိုက်ဆုံးသွားကြတယ်။ ကျနော်တို့ မိသားစု အတွက် တကယ်နာ ကျင်ရပါ တယ်။၂၀၁၃မှာ ကျနော်ညီငယ် မှာ germ cell tumour ဆို တဲ့ကင်ဆာဖြစ်နေ တယ်လို့ သိရတယ်။ ဆရာဝန်နဲ့ စကားပြောကြည့်တဲ့အခါ ကင်ဆာဆဲလ် တွေ က ကျောက်က ပ်နဲ့ အစာအိမ်အရှေ့ ပိုင်းကိုပိတ်ဆို့ ထားတယ်"လို့ ပြောပါတယ်။

သူ့ ညီဟာကင်ဆာကြောင့် အမြဲတမ်းနာကျင်မှုဝေဒနာကိုခံစားနေရပါ တယ်။သူခံစားနေရတဲ့ဝေ ဒနာပြင်းထန်မှုကို ရိုက်ထားတဲ့ဓာတ်ပုံတွေမှာပေါ်လွင်နေပါတယ်။

အနာသက်သာစေဖို့ အပြင်းစားမော်ဖိန်းတွေထိုးပေးထားပေမယ့် ရောဂါကြောင့်အမြဲနာကျင်နေရပါတယ်။။

"အိပ်ယာပေါ်မှာ လဲလျောင်းပြီး တစ်မိနစ်တောင်မအိပ်နိုင်ပါဘူးဗျာ။ အစာလည်းမစားနိုင်၊ အရည်လည်းမသောက်နိုင်၊ပိုးဝင်တယ်ဆိုတဲ့အပိုင်းကို ခွဲကုလိုက်ကာမှာ ပိုပြီးဆိုးဝါးသွားတယ်။"
ဒီကင်ဆာဟာအမျိုးသမီးသားအိမ်၊ယောက်ျားအင်္ဂါတွေမှာ ဖြစ်ပွားပေမယ့် ရှားရှားပါးပါးတခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မှာဖြစ်တာလည်းရှိပါတယ်။ဖြစ်ပြီဆိုရင် ဆဲလ်တွေပွားနှုန်း အရမ်းမြန်တာကြောင့် ၅ နှစ်ထက်ပိုပြီးမနေကြရပါဘူး။
"တခုပြီးတခုတိုးလာတဲ့ရောဂါတွေကြောင့် သူနေကောင်းလာဖို့ ကျနော့်မျှော် လင့်ချက်ကုန်ဆုံးသွားခဲ့ပါ တယ်။ဘုရားသခင်၊ကျေးဇူးပြုပြီးသူနာကျင်ခံစား နေ
ရတာတွေကို ရပ်တန့် ပေးပါ။သေဆုံးမှဝေဒနာခံစားရတာတွေရပ်တန့် သွားမယ်ဆိုရင် သေခွင့်ပေးပါ။ သူ့ ဝေဒနာခံစားနေရတာကျနော်မကြည့်ရက်တော့ပါဘူး။"

"ဒီလောက်အကြာကြီးဝေဒနာခံစားနေရကြားကသူ့ ကျနော်ကို ပြောတယ်။ ကျေးဇူးတင်ပါတယ်တဲ့။ ကျနော့် ကိုသူချစ်တယ်တဲ့။အဖေနဲ့ အကိုကလည်း အိမ်မက်ထဲမှာသူ့ ကို သုံးညဆက်တိုက်လာခေါ်တယ် လို့ အိမ်မက်မက်တယ်လို့ သူပြောတော့ ကျနော့်နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေ သူကျနော်တို့ ကိုထားသွားတော့မယ်ဆိုတာသိနေပြီ။ "

စနေနေ့ မနက်စောစောမှာသူကျနော်တို့ ကိုထားသွားတာပါပဲ။နှလုံးခုန်နှုန်းတဖြည်းဖြည်းကျလာတယ်။ သူမျက်နှာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သလို ငြိမ်းချမ်းမှုတွေ့ ရတယ်။
မိုဟာမက်မှာထားခဲ့တဲ့အတိုင်း  သူ့ ဖခင်နဲ့ အကို ကိုမြုပ်နှံခဲ့တဲ့သချိ င်္ုင်းမှာပဲသူ့ ကိုအတူတူမြုပ်ပေးခဲ့ပါတယ်။
the melting pot 4 U

သတိပေးချက်  :  အောက်ဖော်ပြပါပုံများဟာစိတ်နှလုံးမချမ်းမြေ့စရာပုံတွေဖြစ်ပါတယ်။
Warning : Graphic Content























Source

No comments:

Post a Comment