Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

မုံရွာမြို့တွင် နိုင်ငံကူးလက်မှတ် စတင်ပြုလုပ်နိုင်

မုံရွာ၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးသည့်ရုံးတွင် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (မုံရွာ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူများသည် အမျိုးသား မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား မူရင်း လိုအပ်မည် ဖြစ်ပြီး၊ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန်အတွက် မြန်မာ့စီးပွား ရေးဘဏ် (မနလ စာအုပ်တန်ဖိုး) ၁၉၀၀၀ ကျပ်၊ Online ဝန်ဆောင်ခ ၁၀၀၀ ကျပ်၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ်၊ ဆေးမင်ဖိုးနှင့် ပြုပြင် ထိန်းသိမ်းခ ၁၀၀၀ ကျပ်၊ လျှောက်လွှာပုံစံဖိုး ၂၀၀ ကျပ်နှင့် စက်ပစ္စည်းနှင့် ဝန်ဆောင်ခ ၁,၈၀၀ ကျပ်၊ စုစုပေါင်း နှစ်သောင်းငါထောင်ကျပ် ကုန်ကျမည် ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့က ကြေညာထားသည်။

ယခင်က ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် နိုင်ငံကူး လက်မှတ် ပြုလုပ်ခဲ့သူများအတွက် သက်တမ်းတိုးခြင်း ကိစ္စများကိုလည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အသစ်လုပ်လိုသူများကို ယနေ့မှ စတင်လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူက ပြောကြားသည်။
“နိုင်ငံကူးလက်မှတ် စာအုပ်ရဖို့ အချိန်ကတော့ ပုံမှန်အားဖြင့် ၁၀ ရက်လောက် စောင့်ရပါမယ်၊ နယ်မှာ စဖွင့်တာဆိုတော့ ၁၀ ရက်နဲ့ လဲရချင်ရမယ်။ ဒါမှမဟုတ် တစ်ရက်နှစ်ရက်လောက်လဲ ပိုကြာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ခွဲရုံးများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများ အသီးသီးတွင် ၂၀၁၄ ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment