Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

ယောင်္ကျားယူဖို့ ဒီဘ၀မှာ မကြားရတော့ပါဘူးလို့ ဆိုလိုက်တဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီရခဲ့တဲ့ န၀ရတ်


ယခု နှစ် အကယ် ဒမီပေးပွဲ တွင် ဆုရ စာရင်း အဆင့် ထိ သတင်း လှုပ်ခတ် ခဲ့သည့် န၀ရတ် သည် သူ မ ၏ အိမ်ထောင် ရေး အကြောင်း ကို ဒီဘ၀ မှာ ကြားရ တော့မည် မဟုတ် ကြောင်း ကို ထုတ်ဖော် ပြော ကြား လိုက်ပါ သည်။ 

အိမ်ထောင်ရေးနှင့် ပတ်သက်ရင် တော့ ဒီဘ၀မကြားရတော့ဘူး။ ဘာလို့လဲဆို တော့ အစ်မက ခေါင်း ရှုပ် မခံနိုင်တာ။ စိတ် အေးလက်အေး စိတ်ရှင်းရှင်းနဲ့ပဲ နေချင်တာ။ ကိုယ်က တာဝန် တစ်ခု ယူရမှာလေ။ အိမ် ထောင် ပြုတယ်ဆိုတာက ကိုယ်ဟာကို အားကိုးအား ထားပြုဖို့ လိုအပ် တဲ့သူ ဆိုရင် တစ်မျိုး ပေါ့။ ယောက်ျား ယူ တယ်ဆိုတာ အားကိုးစရာရှိလို့။ အစ်မကျတော့ ယူရင် ရှုပ်နေမှာ။ ကိုယ့် ဟာ ကိုလည်း ဒုက္ခ မပေးချင်ဘူး။ သူများကိုလည်း ဒုက္ခ မပေးချင်ဘူး။ အဲဒီလိုမျိုး။ ကိုယ့်စိတ်နဲ့ကိုယ်ပဲ နေရတာ နေသား ကျ နေပြီ။ သူက ကိုယ့် ပေါ်မှာ ကိုယ့်စိတ်အတိုင်းနေရင် အဲဒီယောက်ျား အ ရည်အချင်း ရှိပါ့မလား။ အဲဒီလိုမျိုးတွေးဖြစ် တယ်။ အများ ကြီး စဉ်းစား လာတယ်။ ခုခေတ်ကလည်း သိတဲ့အတိုင်းပဲ။ မယူလည်း ဘာမှမဖြစ် ဘူး။ ကိုယ်က တစ်သက်လုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေသွား ချင်တာ။ သေ ရင်လည်း တစ်ယောက် တည်း သေချင်တာ။ လာရင်လည်း တစ် ယောက် တည်းလာကြတာလေ။ အဲဒီလိုစိတ်ထားတယ်။ အခုခေတ်အိမ်ထောင် ကျတဲ့သူ တော် တော် များများ ကြည့် လိုက်တော့လည်းကွဲကြတာများတယ်။ ကလေးတွဲလောင်းနဲ့ အဲဒီလိုဖြစ်တာများတော့လည်း တာဝန်မ ယူ နိုင်ဘဲ နဲ့တော့ မယူချင်ဘူး””ဟု အိမ်ထောင်ရေး နှင့် ပတ်သက်ပြီး ဖြေကြားခဲ့ သည်။ န၀ရတ်သည် ယခုနှစ် အကယ်ဒမီနှင့် လွဲချော်ခဲ့ရသော်လည်း ပရိသတ်က ပေးထားသည့် အကယ်ဒမီ ရ ထားသည့်အတွက် ကျေနပ် ကြောင်းပြောပြခဲ့သည်။ 
By The Messenger

No comments:

Post a Comment