Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

လှိုင်သာယာကျူးကျော်များကို အင်အားသုံးဖယ်ရှား.

လှိုင်သာယာမြို့နယ် ဘီအိုစီထိပ်၊ အတွင်းပဒံအနီး လှိုင်မြစ်ကမ်း
တလျှာက်ရှိ အိမ်ခြေနှစ်ထောင်နီးပါးရှိသည့် ကျူးကျော်များကို
ဇန်န၀ါရီ ၁၄ ရက်၊ နံနက် ၃ နာရီခန့်အချိန်မှစ၍ ပူးပေါင်းအဖွဲ့က အင်အားသုံးကာဖယ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံ
များနှင့် အဆိုပါနေရာသို့ ရောက်ရှိနေသည့် people power
သတင်းထောက်ထံမှ သိရသည်။

နယ်မြေရဲတပ်ဖွဲ့များ လုံခြုံရေးရဲတပ်ဖွဲ့များ၊ စည်ပင်သာယာ၊
သစ်တောရေးရာ ၀န်ကြီးစသည့် ဌာနပေါင်းစုံအဖွဲ့မှ လာရောက်
စစ်ဆေးကာ ဖျက်သိမ်းခြင်းဖြစ်သည်။

ယနေ့နံနက် လေးနာရီခန့်အချိန်မှစ၍ လှိုင်သာယာဘက်အခြမ်းရှိ
ပန်းလှိုင်တံတားအ၀င်လမ်းနှင့် တွံတေးဘက်ခြမ်းရှိ တွံတေးတံတား
အ၀င်လမ်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များက သံဆူးကြိုးများနှင့် ပိတ်ဆို့
ထားကာ လူအများဖြတ်သန်းခြင်းကို စတင်တားမြစ်ခဲ့ကြောင်း ဒေသခံ
တစ်ဦးက ဆိုသည်။

အသိပေးကြေငြာခြင်းမရှိဘဲ ညတစ်နာရီခန့်တွင် တစ်နာရီအတွင်း
ဖျက်သိမ်းရန် မဖျက်လျှင် ကိုယ်တိုင်ဖျက်မည်ဟုပြောကြောင်း
ပိုင်ဆိုင်သူဟု ပြောသူများကို ဖမ်းဆီးပြီး အ၀တ်အစားများကို
ယူဆောင်ခွင့်ပြုကြောင်း ဗီဒို၊သေတ္တာကဲ့သို့ အသုံးအဆောင်များကို
ယူဆောင်ခွင့်မပြုကြောင်း အမည်မဖော်လိုသူနေအိမ်မှဖယ်ရှားခံ
တစ်ဦးက ပြောကြားသည်။

အတွင်းပဒံဟုခေါ်သည် ပန်းလှိုင်တံတားအနီးရှိ မြစ်ကမ်းတလျှောက်နှင့် တွံတေးတံတားအနီးတွင်ရှိပြီး နေထိုင်စရာမရှိသူများက သောင်ထွန်းမြေ
များတွင် စတင်၍တဲထိုးနေထိုင်ရာမှ အိမ်ခြေနှစ်ထောင်အထိ များပြားလာခြင်း
ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မနက်၉နာရီခွဲခန့်တွင် တွံတေးဘက်ခြမ်းမှ အိမ်များစတင်ဖျက်သိမ်းလျက်
ရှိသည်ကို တွေ့ရကြောင်း People Power သတင်းထောက်က သတင်း
ပေးပို့ထားသည်။

ကျူးကျော်တဲတစ်လုံး၏ပေါက်ကြေးမှာ တစ်သိန်းဝန်းကျင်ရှိနေရာမှ ကျပ်ငါးသိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း လှိုင်သာယာအခြေစိုက်
အိမ်ပွဲစားတစ်ဦးက ဆိုသည်။

ပန်းလှိုင်မြစ်ကမ်းတစ်လျောက်ရှိ ကျူကျော်တဲ့များဆောက်လုပ်ရာတွင်
အသုံးပြုသည်ဟု ယူဆရသည့် ၀ါးဆိုင်များကိုမူ သစ်တောရေးရာဝန်ကြီး
ဌာနမှ လိုင်စင်မဲ့နယ်ကျော် ၀ါးများဟုဆိုကာ သိမ်းဆည်းနေသည်ကို
တွေ့ရသည်။


People power

No comments:

Post a Comment