29-1-2014 (Mizzima)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုနှင
ဒီမိုကရေစီအင်အားစုက လူ ၅၀ ခန့်သည် လက်ပံတောင်းသပိတ်စခန်းတွင် အကြမ်းဖက်ခံခဲ့ရသည့် သံဃာတော်များ၊ ပြည်သူများအတွက် ဆုတောင်းခဲ့ခြင်းဖြစ်ပြီး သဘောထားထုတ်ပြန်ခြင်းလည်း ပြုလုပ်ခဲ့သည်။
"လက်ပံတောင်းတောင်စီမံကိန်း
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရမှု ၁ နှစ်နှင့် ၂လ ရှိနေပြီဖြစ်သော်လည်း ယနေ့တိုင် အကြမ်းဖက်ဖြိုခွင်းရန် ပစ်ခတ်မှုနှင့် အမိန့်ပေးစေခိုင်းသူ တစ်ဦးတစ်ယောက်ကိုမျှ ဖော်ထုတ်အရေးယူနိုင်မှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများကို ပုဒ်မ ၁၈၊ ၅၀၅(ခ) တို့ဖြင့် အရေးယူလျက်ရှိနေသည်ကို ဒီမိုကရေစီ အင်အားစုက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ပံတောင်းတောင်ဒေသတွင် မတရားထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အမြန်ဆုံးရုပ်သိမ်းပေးရန်၊ အကြမ်းဖက် ဖြိုခွင်းသူများနှင့် အမိန့်ပေးစေခိုင်းသူ အမြန်ဆုံးဖော်ထုတ်ပေးရန်၊ အများပြည်သူ သဘောဆန္ဒမရှိသော လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်ဆိုင်းပေးရန်၊ ဝမ်ပေါင်ကုမ္မဏီလုပ်ငန်း ချက်ချင်းရပ်ဆိုင်းပေးရန်၊ ခြံစည်းရိုးခတ်မှု ရပ်ဆိုင်းပေးရန် တို့ကို ဒီမိုကရေစီအင်အားစုမှ တောင်းဆိုခဲ့သည်။
ရန်ကုန်၊ ဆူးလေစေတီတွင် ဒီမိုကရေစီရေးလှုပ်ရှားသူမျာ
No comments:
Post a Comment