Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

လူတိုင်း အနုပညာဖန်တီးနိုင်တဲ့သူတစ်ယောက်ဖြစ်နို်င်သည်။

  • မိမိရဲ့ ဦးနှောက်ကိုကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် လူတိုင်းလူတိုင်း အနုပညာဖန်တီးနိုင်တဲ့သူတစ်ယောက်(Creative) ဖြစ်အောင်လေ့ကျင့်နိုင်ပါတယ်။ ကျွန်တော် Creative ကောင်းတဲ့သူ တစ်ယောက်မဟုတ်ပါဘူး လို့ပြောတဲ့သူဟာ ကိုယ့်ဦးနှောက်ကို ကောင်းကောင်းမသုံးမချနိုင်ဘူး လို့ပြောလိုက်တာနဲ့အတူတူပဲ.. ကိုယ့်ရဲ့ Creative Thinking ကိုတိုးတက်အောင် ဘယ်လိုတွေလုပ်လို့ရသလဲ ဆိုတာကြည့်ရအောင်

    The Left and The Right Brain - အဲ့ဒီတော့ အားလုံးသိပြီးတဲ့အတိုင်း Left Dominance Brain က Words, Numbers,Lines,Lists, Logic,Analysis တွေကိုမှတ်သားဖို့ အလုပ်လုပ်တယ်။
    Right Dominance Brain ကတော့ Rhythm,Colors,Shapes,Maps, Imagination, Day-Dreaming တွေအတွက် အလုပ်လုပ်တယ်။ အားလုံး သိမှတ်ထားကြတာက Creativity(အနုပညာဖန်တီးမှု)ဆိုတာညာဘက် ဦးနှောက်တစ်ခုပဲ အလုပ်လုပ်တယ်လို့ သိမှတ်ထားကြပေမယ့် တစ်ကယ်တမ်းတော့ မဟုတ်ပါဘူး။ ဖန်တီးမှုတစ်ခုဖြစ်ဖို့ ဘယ်ဘက်ဦးနှောက်ရော ညာဘက်ဦးနှောက်ရော နှစ်ဖက်စလုံး ဟန်ချက်ညီညီ အသုံးပြုနိုင်မှ Creativity ဖြစ်မှာပါ။ Lines Orderတွေ Numbers တွေ Line တွေ နဲ့ Shapes တွေက ဘယ်ဖက်ဦးနှောက်အလုပ်။
    Color ,Imagination နဲ့ Day Dreaming တွေကညာဘက်ဦးနှောက်အလုပ်။
    (လူရုပ်ပုံတစ်ခုကို အလွတ်ရေးဆွဲနေတဲ့ အခါကို မြင်ယောင်ကြည့်ပါ မျဉ်းကြောင်းတွေလိုင်းတွေ၊အချိုးချတာတွေမလုပ်ဘဲ မဆွဲနိုင်ပါဘူး။ အရောင်တွေ၊ အနုအရင့်တွေ၊ ပုံသဏန်တွေလည်းပါဝင်ရတဲ့အတွက် ဦးနှောက်နှစ်ဖက်စလုံးကိုတစ်ပြိုင်တည်းအလုပ်လုပ်နေရပါတယ်)

    ဒီတော့အဓိပါယ်က ဦးနှောက်နှစ်ခြမ်းလုံးမှာပါတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ အရာတွေနဲ့ အလေ့အကျင့်ပြုလုပ်ပြီး မိမိရဲ့ Creative Thinking ကိုတိုးတက်အောင်လေ့ကျင့်နိုင်ပါတယ်။

    Speed of Thought - ဘယ်လောက်မြန်မြန်တွေးနိုင်သလဲဆိုတာပါ။ Idea တစ်ခု၊အတွေးတစ်ခုကို ဘယ်လောက်နက်နက်ရှိုင်းရှိုင်းနဲ့ ဘယ်လောက်မြန်မြန် ထုတ်နိုင်သလဲ? အဲ့ဒီ Skill ပါ။ မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာစကားတွေ သင်ယူတာမျိုး၊ Sudoku Game ဆော့တာမျိုး၊ သင်္ချာတွက်တာမျိုး၊ Chess ထိုးတာမျိုး ၊ မြန်မြန်စဉ်းစားနိုင်အောင် ကြိုးစားပြီး Speed of Thought ကို တိုးတက်အောင်လုပ်နိုင်တယ်

    Originality of Thought - လူတစ်ယောက်အင်္ကျီချိတ်နဲ့ အင်္ကျီကိုချိတ်ပြီး တန်းမှာလှမ်းတယ်။ ဒီဖြစ်စဉ်မှာ ချိတ်ဆိုတာ အင်္ကျီကို မကျေမတွန့်အောင်ချိတ်ဖို့ ဖန်တီးထားတာ။ ဒီချိတ် ကဘယ်လိုဖြစ်လာတာလဲ? ချိတ်နဲ့ ဘာတွေ ထပ်လုပ်လို့ရလဲ? ဒီလိုစဉ်းစားပေးဖို့ပါ။ New - Original - Innovative စကားလုံးတွေကိုခွဲခြမ်းစဉ်းစားကြည့်ပါ။ (Original) မူလအရာ တစ်ခုကနေ ဆင့်ပွားပြီး အများကြီးစဉ်းစားလို့ရပါတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ စဉ်းစားကြည့်ပါ။ တစ်ခုခုကို အမှတ်တမဲ့ မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်းစဉ်းစားတဲ့ အကျင့်ကိုလုပ်ပေးပါ။

    Flexibility of Thought - လူတွေတော်တော်များများ အားရုံစိုက်နေကြတာက ကိစ္စတစ်ခုကို ငါလုပ်တယ့်ကိစ္စ၊ ငါပြောတဲ့ပုံစံ ၊ ငါမြင်တဲ့အမြင်ဆိုပြီး တစ်ဖက်တည်းကို မြင်လေ့ရှိပါတယ်။ အဲ့ဒီကိစ္စတစ်ခုကို တစ်ခြား ဘယ် Side ကနေမြင်လို့ရမလဲ? ဘယ်လို Perspective ကနေကြည့် ရင် ဘာဖြစ်နေမလဲ ဆိုတာ စဉ်းစားဖို့ပါ။ ဥပမာ လုပ်ငန်းရှင်တစ်ယောက်က လုပ်ငန်းတစ်ခုကို သူ့နေရာက နေပဲ ကြည့်တာမျိုး စဉ်းစားတာမျိုးမဟုတ်ဘဲ အလုပ်သမားဘက်က၊ အစိုးရဘက်က၊ ပြိုင်ဘက်ရဲ့ ဖက်က၊ အပြင်က ပရိသတ်ဘက်က Perspective အမျိုးမျိုးကနေ သွားရောက် စဉ်းစား ဖို့လိုအပ်ပါတယ်။ ဒါမျိုးအကျင့်လုပ်ပေးပါ။ ကိစ္စတစ်ခုကို စဉ်းစားရင် နေရာပေါင်းစုံ နည်းပေါင်းစုံ နဲ့ စဉ်းစားတဲ့ အကျင့်ကိုလုပ်ပါ။ (Think Outside of the Box)

    Imagination and Association - Creative တွေအားလုံးက သူတို့ဘာပဲစဉ်းစားစဉ်းစား ဘယ်လိုတွေးခေါ်တွေးခေါ် သူတို့လုပ်တာက ပစ္စည်းတွေ၊ လူတွေ အကြောင်းကိစ္စတွေကို အခြေခံပြီး၊ပေါင်းစပ်ပြီး (Imagination) ပုံဖော်ကြတာပါပဲ။ တစ်ခုတည်းကို Imagination လုပ်နေတာမဟုတ်ဘဲ Association ဖြစ်အောင် ပေါင်းစပ်စဉ်းစားရပါတယ်။ A နဲ့ B ပေါင်းစပ်လိုက်ရင် ဘယ်လို Result ဖြစ်သွားမလဲ? အ၀ါရောင်နဲ့ အပြာရောင်နဲ့ပေါင်းစပ်လိုက်ရင် ဘာအရောင်ရမလဲ? စသည်ဖြင့်၊တစ်ခုနဲ့တစ်ခု ချိတ်ဆက် ပေါင်းစပ်ပြီး စဉ်းစားရပါတယ်။ Imagination ရယ် Association ရယ် ဒီ စကားကြီးနှစ်လုံးကနေ Creativity ဖြစ်လာတာပါ။အချုပ်အားဖြင့် စဉ်းစားမယ် ၊ ပုံဖော်မယ် ၊ ချိတ်ဆက်မယ် ၊ ပေါင်းစပ်စဉ်းစားကြည့်မယ်။ နောက်ဆုံး အသစ်တစ်ခု ဖန်တီး လိုက်နိုင်တယ်။ ဒါပါပဲ... 

    (ဒါလည်း 2013 က ရေးခဲ့တာပဲ လူသိနည်းခဲ့လို့ အားလုံးသိအောင်ပြန် Share လိုက်တယ်။ ဒါပေမယ့်ရေးခဲ့တာတွေတော်တော်များများကို မတွေ့ရတော့ဘူးဗျ၊ ၀မ်းနည်းစရာဘဲ)

No comments:

Post a Comment