Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

သေဒဏ် ဖျက်သိမ်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂ တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မြန်မာအစိုးရ အနေနှင့် သေဒဏ်ပေးခြင်း ပုဒ်မကို အပြီးတိုင် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးများရုံး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရ အနေနှင့် လူ့အခွင့်အရေးကို အခြေခံ၍ ပြစ်မှုဆိုင်ရာ ပုဒ်မများတွင် သေဒဏ်ကို အပြီးတိုင် ဖျက်သိမ်း ပေးသင့်ကြောင်း ၎င်းကဆိုသည်။

မြန်မာအစိုးရက သေဒဏ်ချမှတ် ခံရသူများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ပေးခဲ့သည့် အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၂ ရက်နေ့က ချမှတ်ခဲ့သည့်အတွက် ကုလသမဂ္ဂ အနေနှင့် ကြိုဆိုကြောင်း Rupert Colville ကဆိုသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ယူတော့မည့် မြန်မာအစိုးရ အနေနှင့် သေဒဏ်ကျခံ အကျဉ်းသားများကို ထောင်ဒဏ် အဖြစ် ပြောင်းလဲပေးလိုက်ခြင်းသည် ဒေသတွင်း အာဆီယံ နိုင်ငံများအတွက် စံပြကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ ယနေ့တိုင် သေဒဏ်စီရင် ခံရသည့် အကျဉ်းသားများ မရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော် သမ္မတက သေဒဏ်ကျ အကျဉ်းသားများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့် အသတ်မရှိ) သို့လည်းကောင်း၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် နှစ် ၄၀ နှင့် အထက်ကျခံ နေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ ပေးလိုက်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment