Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

ဧရာဝတီစာပေပွဲတော် ကျင်းပရေး ကော်မတီဝင် တစ်ရာနီးပါးခန့် နုတ်ထွက်

မန္တလေး၊ ဇန်နဝါရီ ၁၄

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာကျော်စာရေး ဆရာကြီးများပါ တက်ရောက် ဟောပြောမည့် ဒုတိယအကြိမ်မြောက် ဧရာဝတီ စာပေပွဲတော်ကို မန္တလေး မြို့တော်တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ အဆိုပါ ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင်မည့် ကာတွန်း ဆရာ၊ ကဗျာဆရာနှင့် စာရေးဆရာ တစ်ရာနီးပါးခန့် နုတ်ထွက် သွားကြောင်း အဆိုပါပွဲတော် ကျင်းပရေးကော်မတီ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာပေပွဲတော် ကျင်းပရေးအတွက် မူလကပါဝင်ရန် အဆိုပြုထားသူ များထဲမှ ကာကွန်းဆရာ ၃၀ ဦး၊ ကဗျာဆရာ ၆၀ ဦးနှင့် စာရေးဆရာ သိုက်ထွန်းသက်၊ ကျော်ရင်မြင့်၊ သင့်နော်နှင့် ဆူးငှက်တို့ နုတ်ထွက်ခဲ့ကြောင်း အဆိုပါပွဲတော်မှ နုတ်ထွက်ထားသည့် ကာတွန်းဆရာ ဦးအောင်မော် က ပြောကြားသည်။

"လူတချို့ ထွက်သွားတယ်လို့တော့ သိရပါတယ်။ ကော်မတီကို မေးကြည့်တဲ့အခါ သဘောထား မတိုက်ဆိုင်လို့ ထွက်သွားတဲ့ လူတွေ ရှိပေမယ့် ဖတ်ကြားမယ့် စာတမ်းတွေ ဘာတွေကတော့ မလျော့ဘူးလို့ သိရပါတယ်" ဟု ပွဲတော်ကျင်းပရေး တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်မမနိုင်က ဆိုသည်။

အဆိုပါ ဧရာဝတီ စာပေပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ဘုရား ပရိဝုဏ် အတွင်းတွင် လေအေးပေးစက် တပ်ဆင်ထားသောရုံ လေးလုံး တည်ဆောက်၍ ကျင်းပသွားမည် ဖြစ်ပြီး နေဝင်းမြင့် ဘာသာပြန်ဆိုထားသည့် (ရေကန်သာ ကြာတိုင်းအေး) The Glass Palace စာအုပ်ကိုရေးသားသူ မစ္စတာ အမီတဗ်ဂို့ရှ်နှင့် နိုင်ငံတကာမှ အရောင်းရဆုံး စာရင်းဝင် စာအုပ်များ ရေးသားခဲ့သည့် ကမ္ဘာကျော် စာရေးဆရာကြီးများ အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့တော်တို့မှ စာရေးဆရာပေါင်း ၁၅၀ ဦးကို ဖိတ်ကြားထားကြောင်း အဆိုပါပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

"ပွဲတော်ကြီးကို အဖွဲ့အစည်းတစ်ခု ကနေ ကြီးမှူးကျင်းပတာမျိုး မဟုတ်ဘဲ မန္တလေးမှာ ရှိတဲ့ စာပေသမားတွေ ကာတွန်း၊ ကဗျာ၊ သတင်းသမား၊ စာရေး ဆရာတွေ စုပေါင်းပြီး လုပ်တာဖြစ်တော့ သဘောထား မတိုက်ဆိုင်တာတွေ ရှိကောင်း ရှိမှာပါ" ဟု ဧရာဝတီစာပေပွဲတော် ကျင်းပရေး အတွင်းရေးမှူး အဖွဲ့ ဦးမင်းဒင်က ဆိုသည်။

ပထမအကြိမ် ဧရာဝတီစာပေပွဲတော် ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးနှင့် ဇနီးက ကမကထ ပြုလုပ်ပြီး နိုင်ငံတကာ စာရေးဆရာ ၃၀ ဦး၊ မြန်မာစာရေးဆရာ ၁၂၀ ဦးတို့ဖြင့် ရန်ကုန်မြို့တော် အင်းလျားလိတ်ဟိုတယ်ဝင်း အတွင်း ကျင်းပခဲ့သည်။

No comments:

Post a Comment