Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲပျောက်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ရှက်မိဟု သူရဦးရွှေမန်း ပြော


Friday, January 17, 2014

ပြည်ထောင်စုလွှတ်တော်အတွင်း စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာ မဲပျောက်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ
ကိုယ်စား ရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။

"၂၁မဲပျောက်နေတယ်၊ ကိုယ်မဲကိုယ်တော့ပေးရဲရမှာပေါ့၊ ပြည်သူကိုယ်စားလှယ်တွေဖြစ်လာပြီလေ၊ မဲမပေးရဲဘူးလား၊ ကိုယ်ဆုံးဖြတ်ချက်ပေါ်မှာ ရဲရဲတင်းတင်း မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ်မထိုက်တယ်ဘူး လို့သူများတွေဝေဖန်နေတာတွေလည်း ကျွန်တော်ကြားရပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကိုယ်စား ကျွန်တော် ရှက်မိပါတယ်"ဟု သူရဦးရွှေမန်းကပြောသည်။

ယနေ့(ဇန်န၀ါရီ ၁၇)ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုရန် စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက်ပျောက်ဆုံးနေသောကြောင့် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်နိုင်
Popular Myanmar News Journal

No comments:

Post a Comment