Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

နိုင်ငံ့ဝန်ထမ်းလစာများ ကျပ်နှစ်သောင်းတိုးပေးရန် သမ္မတပြောကြား

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဇန်နဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။

နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ်နှစ်သောင်း တိုးမြှင့်ပေးရန် နှင့် ပင်စင်လစာ၊ ဆုကြေးများကို အချိုးကျတိုးမြှင့်ပေးရန် လျာထားကြောင်း ဇန်နဝါရီ ၇ရက်က နေပြည်တော် သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေန်းခန်းမတွင် ပြုလုပ်သော မြန်မာနိုင်ငံ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၄)တွင် သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

"၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ယခုလာမည့် ဘဏ္ဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထား ပါကြောင်း ပြောကြားလိုပါတယ်။"ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment