Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 4, 2014

ထောက်လှမ်းရေးအစီအစဉ်များပြန်လည်သုံးသပ်မည်ဟု အိုဘားမားအရိပ်အမြွက်ပြောကြား

ဒီဇင်ဘာ ၂၀ ရက်က အိမ်ဖြူတော်တွင်ပြုလုပ်သော နှစ်ကုန်ဆုံးချိန်သတင်းစာရှင်းလင်းပွဲ၌ အကြောင်းအရာတစ်ခုကို အလေးအနက်ပြောကြားနေသော သမ္မတအိုဘားမား Larry Downing/reuters လျှို့ဝှက်ထောက်လှမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားမှုအများအပြားရှိခဲ့ပြီးနောက် အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ ( NSA )၏ ထောက်လှမ်းရေးအစီအစဉ်များကို ပြန်လည် သုံးသပ်ကောင်းသုံးသပ်သွားမည်ဟု ကန်သမ္မတဘားရက်အိုဘားမားကပြောသည်။
လျှို့ဝှက်သတင်းများဖွင့်ချမှုအများအပြားရှိခဲ့သောကြောင့် ယင်းထောက်လှမ်းရေးအစီအစဉ်များနှင့်ပတ်သက်၍ အများပြည်သူစိုးရိမ်နေကြပြီး ယင်းအစီအစဉ်ကိုဆောင်ရွက်ရန်အခြားသော နည်းလမ်းတစ်လမ်းရှိနိုင်သည်ဟု ၎င်းကပြောသည်။ သို့သော် NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒန်သည် လျှို့ဝှက်သတင်းအချက်အလက်များကို ဖွင့်ချခြင်းဖြင့် မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု အိုဘားမားကပြောသည်။ စနိုးဒန်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်၊ မပေးနိုင်ဆိုသည်ကိုမူ ၎င်းကပြောကြားခဲ့ ခြင်းမရှိပေ။
စနိုးဒန်သည်မြောက်မြားစွာသော လျှို့ဝှက်အချက်အလက်များကို ၎င်းနှင့်အတူယူဆောင်ကာ အမေရိကန်နိုင်ငံမှ ပြီးခဲ့သည့်မေလအတွင်း ထွက်ပြေးသွားခဲ့သည်။ ၎င်းသည်အမေရိကန်နိုင်ငံတွင်း၌ သူလျှိုလုပ်မှုဖြင့် စွဲချက်ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံတွင် ယာယီနိုင်ငံရေးခိုလှုံခွင့်ဖြင့် လက်ရှိနေထိုင်နေသည်။
အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအပြီး အိုဘားမားကယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုမှု အချက်အလက်ပေါင်း မြောက်မြား စွာစုဆောင်းခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ဖက်ဒရယ်တရားသူကြီးတစ်ဦးက ပြောကြားပြီးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် သမ္မတ၏အကြံပေးအဖွဲ့က အဆိုပြုထားသည်။ ယင်းစောင့်ကြည့်ထောက် လှမ်းခြင်းများက အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုများကို တားဆီးနိုင်ခဲ့သည်ဆိုသော အထောက်အထား အနည်းငယ်သာတွေ့ခဲ့ရကြောင်း ယင်းတရားသူကြီးနှင့် အကြံပေးအဖွဲ့နှစ်ဖက်လုံးကပြောသည်။အိမ်ဖြူတော်အဖွဲ့၏တင်ပြချက်များနှင့် ပတ်သက်၍လာမည့်ဇန်န၀ါရီလအတွင်း တိကျသောကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟုအိုဘားမားကပြောသည်။
—Ref: BBC
7 Day Daily

Obama Appears To Soften His Stance On The NSA, Edward Snowden

Posted:   |  Updated: 12/20/2013 6:03 pm EST
obama nsa snowdenWhen the NSA scandal first broke six months ago, President Barack Obama was forceful in defending the government's surveillance programs, while criticizing Edward Snowden.
At his year-end press conference on Friday, the president's defense of NSA and condemnation of Snowden appeared weakened. Speaking from the press briefing room, Obama was asked a range of questions over the hour-long span, and at the head of the list of issues was surveillance.
Here's how his Friday comments stacked up to remarks made over the summer:
ON THE NSA: Then
On June 7, Obama was asked at a press conference a) to react to the reports of secret government surveillance of phone and the Internet and b) if he could assure Americans that there wasn't some massive secret database containing all of their personal informa
http://www.huffingtonpost.com/2013/12/20/obama-nsa-snowden_n_4482309.html

No comments:

Post a Comment