Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 19, 2014

မိခင်များနေ့တွင် မိခင်စိတ်ကင်းမဲ့စွာ ရင်သွေးငယ်အားစွန့်ပစ်ခဲ့သည့် မိခင်အား ဖမ်းဆီးအရေးယူဆောင်ရွက်လျှက်ရှိ

မုဒုံ ဇန်န၀ါရီ (၁၈)

မိခင်များနေ့ဖြစ်သော ပြာသိုလပြည့်နေ့ (၁၅-၁-၂၀၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရင်သွေးငယ်အား စွန့်ပစ်ခဲ့သည့် မိခင်ဖြစ်သူအား ယနေ့ နံနက် (၁၀) နာရီခန့်အချိန်တွင် မုဒုံရဲစခန်းမှ ဖော်ထုတ် ဖမ်းဆီးလိုက်ပြီဖြစ်သည်။

အမှုဖြစ်ပွားပုံမှာ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်နေ မိခင်ဖြစ်သူ (ဒေါ် ) သည် ရင်သွေးငယ်အား မုဒုံအဇင်းဆည်အနီး လူနေအိမ်ခြေနည်းပါးသည့် နေရာတွင် ချက်ကြိုးတန်းလန်းဖြင့် မြေတစ်ဝက်ဖုံးအုပ်ကာမြုပ်နှံခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။

အဆိုပါမြေမြုပ်ခြင်းခံရသည့် ကလေးငယ်၏ ကျယ်လောင်သော ငိုသံကြောင့် အနီးရှိ ခြံစောင့်တဲမှ လူတစ်ဦးမှ ရှာဖွေကယ်ဆယ်ခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ မုဒုံဆေးရုံသို့ ယူဆောင်ဆေးကုသပေးခဲ့သည်။

ကလေးငယ်မှာ ယခုအခါ စိတ်ချ၇သောကျန်းမာရေးအခြေအနေ ရရှိနေပြီးဖြစ်ကြောင်းသိရှိရပြီး မိခင်စိတ်ကင်းမဲ့စွာ စွန့်ပစ်ခဲ့သော အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူ (ဒေါ် ) အား မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိသည်။

Mudon Media

No comments:

Post a Comment