Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 4, 2014

ပြည်ပတင်သွင်း မော်တော်ယာဉ်များ ဆိပ်ကမ်း ရောက်ရောက်ချင်း စစ်ဆေးခွင့်ပြုမည်

ရန်ကုန်၊ ဇန်နဝါရီ ၃

ပြည်ပမှ မှာယူတင်သွင်း လာသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းသို့ ရောက်ရောက်ချင်း ပိုင်ရှင်များ ကိုယ်တိုင် စစ်ဆေးခွင့်ကို ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှ စတင်၍ ခွင့်ပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောကြားသည်။

ပိုင်ရှင်စစ်ဆေးခွင့် ပြုရခြင်းမှာ တင်သွင်းလာသည့် မော်တော်ယာဉ်များတွင် ပစ္စည်း ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပြီး ယင်းသို့ မဖြစ်ပေါ်နိုင်စေရန် ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ပစ္စည်းတွေ ပျောက်တယ်။ လျော့တယ်ဆိုပြီး တိုင်ကြားစာတွေ များလာလို့ သမ္မတကြီးက ဒီကိစ္စ ဖြေရှင်းပေးလိုက်ပါလို့ ညွှန်ကြားတဲ့အတွက် ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပစ္စည်းကြီးကြီးမားမား ပျောက်ဆုံးဖူးခြင်း မရှိသေးဘဲ အသေးအမွှားများသာ ပျောက်ဆုံးဖူးကြောင်း မော်တော်ယာဉ်အသင်း အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနတို့က တင်သွင်းခွင့် ပြုထားသော မော်တော်ယာဉ် အစီးရေ နှစ်သိန်းကျော်မှ အစီးရေ နှစ်ထောင်ကျော်သာ ပစ္စည်း ပျောက်ဆုံးခြင်း အနည်းငယ် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်သို့ ပစ္စည်းလျော့နည်းခြင်းနှင့် ပျောက်ရှခြင်းများ ထပ်မံ မဖြစ်ပေါ်စေရန် အကောက်ခွန် ဦးစီးဌာနက စစ်ဆေးရေး အဖွဲ့များကို ထပ်မံတိုးချဲ့ စစ်ဆေးပေးရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။

No comments:

Post a Comment