Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

မြန်မာအလုပ်သမား ၆၉ ဦး မလေးရှားမှ ပြန်ရောက်


မလေးရှားနိုင်ငံ ဆာဗား ဆာရ၀တ်ပြည်နယ်ရှိ သင်္ဘောဆိပ်ကမ်း ဂိုထောင်တခုတွင် ပိတ်မိနေတဲ့ မြန်မာ အလုပ်သမားများ ရန်ကုန်သို့ ရောက်ရှိလာတာကို မြင်တွေ့ရတာဖြစ်ပါတယ်။

မြန်မာပြည်ကို ပြန်ဖို့ ပထမဆုံးအသုတ်အနေနဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ညမှာ မြန်မာအလုပ်သမား ၉၈ ဦးထဲက ၆၉ ဦး ပြန်ခဲ့ရပြီး ဒုတိယအသုတ်အဖြစ် ဒီနေ့ညမှာ မြန်မာအလုပ်သမား ၂၁ ဦး မြန်မာပြည်ကို ပြန်မှာ ဖြစ်ပါတယ်။ မိသားစု အခက်အခဲကြောင့် မြန်မာပြည်ကို မပြန်လိုပဲ မလေးရှားမှာ အလုပ်ဆက်လက်လုပ်ကိုင်ရန် ကျန်ရှိနေတဲ့ မြန်မာအလုပ်သမား ၉ ဦးကိုတော့ ကုမ္ပဏီပိုင် တခြား သင်္ဘောကျင်းမှာ ပြောင်းရွှေ့လုပ်ကိုင်စေတယ်လို့ သိရပါတယ်။

By ဒီဗွီဘီ 
 မြန်မာအလုပ်သမား ၆၅ ဦး မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိ
Wednesday, January 8, 2014

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၆၅ ဦးဟာ အင်ဒိုနီးရှား အလုပ်သမားတွေက ရန်ပြုတာကြောင့် ရက်အတော်ကြာ ပုန်းအောင်းနေခဲ့ရပြီး ရန်ကုန်မြို့ကို ဒီနေ့ ပြန်လည်ရောက်ရှိလာပါတယ်။

မလေးရှားကနေ ပြန်လာကြတဲ့ အလုပ်သမားတွေကို အစိုးရက ပြန်ခေါ်ဆောင်ပေးတာဖြစ်ကြောင်း မြန်မာပြည် အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က RFA ကို ပြောပါတယ်။

“မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနက ချက်ချင်းလွှတ်တယ်လေ၊ ကျနော်တို့ အသင်းချုပ်က တာဝန်ရှိတဲ့သူတွေနဲ့ အလုပ်သမား သံအရာရှိတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ”

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှား အလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရပြီး အဲဒီမြို့က ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အရာရှိတွေနဲ့ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံက သံအရာရှိတွေ ပူးပေါင်းကူညီပြီး မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

မနက်ဖြန်မှာလဲ ကျန်ရှိနေတဲ့ အလုပ်သမားတွေထဲက ၂၁ ဦးပြန်လာမယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment