Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ် ပြောင်းလဲ

တောင်ကြီး ။ ။ ရှမ်းပြည်နယ် နမ့်စန် မြို့၊ မိုးနဲမြို့နှင့် လင်းခေးမြို့တို့သို့ ဇန်န၀ါရီ ၂၅၊ ၂၆ရက်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ၍ ပြည်သူလူထုနှင့် တွေ့ဆုံမည့်အစီအစဉ်သည် နမ့် စန်လေဆိပ် သို့ လေယာဉ်ဆင်း ခွင့်မရသဖြင့် အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း တောင်ကြီး မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှ သိရသည်။

ပြောင်းလဲလိုက်သောအစီအ စဉ်အရ ဒေါ်အောင်ဆန်းစုကြည် သည် ဟဲဟိုးလေဆိပ်မှတစ်ဆင့် နမ့်စန်ခရီးစဉ်ကို ဆက်လက်ထွက် ခွာမည်ဖြစ်ပြီး မူလအစီအစဉ်ဖြစ် သော နမ့်စန်မြို့၊ မိုးနဲမြို့နှင့် လင်း ခေးမြို့များ တွင် ပြည်သူလူထုနှင့် တွေ့ဆုံမည့်အစီအစဉ်အပြင် လင်း ခေးမြို့မှအပြန် တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ပြည်သူ လူထုနှင့်တွေ့ဆုံ မည်ဟု ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများထံမှ သိရသည်။

““ပြည်နယ်အစိုးရကို မီးပုံးပျံကွင်းမှာ ဟဲဟိုးလေဆိပ်မဆင်း မီ လူထုတွေ့ဆုံ ပွဲ လုပ်မယ်ဆိုတာ တင်ပြထားတယ်။ စင်မြင့်တစ်ခု အဲဒီမှာရှိတယ် ဆိုတော့ ပြည်နယ် အစိုးရကခွင့်ပြုရင် အဆင်ပြေမှာ ပါ””ဟု ပြည်နယ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောသည်။

မူလကစီစဉ်ထားသကဲ့သို့ နမ့်စန်လေဆိပ်တွင် လေယာဉ် ဆင်းခွင့် ယနေ့ အထိ မရသေး သဖြင့် ယခုကဲ့သို့ ဟဲဟိုးလေဆိပ် မှ နမ့်စန်သို့သွားရန် အစီအစဉ် ပြောင်းလဲလိုက်ရသည်ဟု သိရ သည်။ ဇန်န၀ါရီ ၂၄ရက် နေ့လယ် တွင် နေပြည်တော်မှဟဲဟိုးသို့ လေ ယာဉ်ဖြင့် ထွက်ခွာလာမည်ဖြစ်ပြီး ဟဲဟိုးမှတောင်ကြီးသို့ မော်တော် ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကာ နမ့်စန်မြို့တွင် ညအိပ်ရပ်နားမည် ဟု သိရသည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည် ဖြတ်သန်းသွားမည့် လမ်းတစ်လျှောက်ရှိ ဟဲ ဟိုး၊ တောင်လေးလုံး၊ အောင်သ ပြေ ၊ ရွှေညောင်၊ ညောင်ရွှေ၊ အေး သာယာ၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်း ပွန်၊ လွိုင်လင်မြို့များမှ တိုင်းရင်း သားများအပြင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်များမှလည်း လာ ရောက်ကြိုဆိုမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၂၅ရက် နံနက်တွင် နမ့်စန်မြို့လူ ထုနှင့် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မိုးနဲမြို့လူထုနှင့် လည်းကောင်း တွေ့ ဆုံမည်ဖြစ် သည်။ ထို့နောက် လင်းခေးမြို့သို့ ဆက်လက် ထွက်ခွာကာ ၂၆ရက် နံနက်တွင် လင်းခေးမြို့ ပြည်သူ လူထုနှင့် တွေ့ဆုံပွဲပြုလုပ်မည်ဖြစ် သည်။

နေ့လယ်ပိုင်းတွင် မော်တော် ယာဉ်များနှင့် ပြန်လည်ထွက်ခွာ လာပြီး လင်းခေးမှ တောင်ကြီးသို့ လမ်းတစ်လျှောက် လူထုအားနှုတ် ဆက်မည်ဟု သိရသည်။

မြ၀န်းရံ
Yangon Media Group


ကရင်ပြည်နယ် လှိုင်းဖွဲ့မြို့နယ် ကပ္ပလီကျေးရွာတွင် ဇန်န၀ါရီလ ၁၉ ရက်နေ့က အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်နေစဉ်။ 
--------------------------------------------------------------------------------------------------------
အောက်မှ Follow ကိုနှိပ်ထားရုံဖြင့် facebook သုံးရင်း သတင်းများကို ဖတ်နိုင်ပါမည်။
(သတိပြုရန် - Follow ပေါ်တွင် အမှန်ခြစ်ရှိနေပါက မနှိပ်ရပါ။)

No comments:

Post a Comment