Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

ရန်ကုန်အပါအဝင် မြို့ကြီးအချို့ ဇန်နဝါရီ နောက်ဆုံးပတ်တွင် အအေးပေါ့မည်


25.1.2014

ကမ္ဘာ့မြောက်ဘက်ခြမ်း ဒေသများတွင် ဆောင်းရာသီကာလ အားကောင်းပြီး အအေးလွန်ကဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်ပါ အအေးပိုနေရာမှ ဇန်နဝါရီ လနောက်ဆုံးပတ်တွင်မူ ရန်ကုန် အပါအဝင် မြို့ကြီးအချို့တွင် အအေးပေါ့မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ညအပူချိန်များ ပျမ်းမျှအပူချိန်အောက် လျော့နည်းကာ အအေးပိုနေရာမှ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်မူ ပျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅ စင်တီဂရိတ်အထိ မြင့်တက်လာပြီး အအေးလျော့နည်းဖွယ် ရှိကြောင်း ၎င်းကခန့်မှန်း ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပျမ်းမျှအပူချိန်အောက် ကျဆင်းရောက်ရှိကာ အအေးပိုခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

“ပင်လောင်း၊ လွိုင်လင်၊ ဟားခါးနဲ့ ပြင်ဦးလွင်မြို့တွေမှာတော့ ဒီရက်ပိုင်း တစ်ရက်နှစ်ရက်မှာတော့ အအေး ဆက်ပိုနိုင်သေးတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment