Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

မန္တလေးမြို့တော်စည်ပင် မျက်နှာဖြူရာ ဟင်းဖတ်များ ပါနေလေရော့သလား

(ဟာဂျူလီ-ကသာ)
 *************
 တစ်ရက်က မန္တလေးမြို့ ၁၂လမ်းမှာရှိတဲ့ မရောက်တာ နှစ်နဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ upper mandalay ဂျာနယ်တိုက်ကို ရောက်ဖြစ်ပါတယ်၊ဂျာနယ်တိုက်က ရွှေတစ်ချောင်းမြောင်း အရှေ့ဘက်မှာ ရှိနေတာဖြစ်ပြီး ရွှေတစ်ချောင်းမြောင်းကိုဖြတ်ခင်းထားတဲ့ ကျိုးတို့ ကျဲတဲ သစ်သားတံတားအိုကတော့ ခနော်နီ ခနော်နှဲ့..။ဒီတံတားရဲ့ ရာဇ၀င်ကို လွန်ခဲ့တဲ့(၄)နှစ်လောက်ကတည်းက ကျွန်တော် သိမှီခဲ့သည်၊မြို့တော်ဝန်ဦးဖုန်းဖော်ဟန် ရွှေတစ်ချောင်းမြောင်းကို ဖြတ်ခင်းသည့် (ကိုယ့်ငွေနဲ့ကိုယ်)တံတားများကို အခိုင်အမာ ခင်းဆောက်ခွင့် မပေး၊အိမ်ရှင်များ ယာယီတံတားဆောက်နေစဉ်မှာပင် စည်ပင်ဝန်ထမ်းများကို ထိုင်ကြည့်ခိုင်းပြီး အမျိုးမျိုးသော စည်းကမ်းချက်များထုတ်၍ စိတ်ပျက်အောင် လုပ်ခိုင်းခဲ့လေသည်၊ ကိုရွှေစည်ပင်များကလည်း ကိုယ့်လူကြီး၏ လူထုအပေါ် တင်းကြပ်သည့် ဥပဒေများကို အားပါးတရ ပို၍ ပို၍ တင်းကြပ်ပြလေသည်၊ " ခင်ဗျားတံတားက ရွှေတချောင်းမြောင်းဘောင်ကို ထိနေပြီ၊အခုဖယ်ပေး၊ ဖျက်ပေး" " ဟာ..ခင်ဗျားတို့ကိုခင်းဖို့ ခွင့်ပြုထားတဲ့ တံတားအကျယ်က (၄)ပေ၊ ခင်ဗျားတို့ ခင်းနေတာ (၄)ပေမှာ (6)လက်မကျော်နေပြီး၊ အခုပြန်ဖြတ်၊" ဆိုတာမျိုးတွေပေါ့၊ နောက်ဆုံးတော့ upper mandalay ဂျာနယ်တိုက်ပိုင်ရှင်လည်း စိတ်ညစ်ပြီး တံတားကို ဆက်မခင်းတော့ဘဲ ရပ်ထားလိုက်ပါတော့တယ်၊ အဲဒီလို ရွှေတစ်ချောင်းမြောင်းဖြတ် တံတားခင်းတာကို စည်ပင်က ရစ်လိုက်ပုံများကတော့ ဘုန်းတော်ကြီးကျောင်းတွေ တောင် ချမ်းသာမပေး..၊မြို့မ တေးဂီတခြံတောင် ရွှေတစ်ချောင်းမြောင်းဘက်က ၀င်နိုင် ထွက်နိုင်အောင် ခြံတံခါး လုပ်ထားပေမယ့် အခုထိတံတားအခိုင်အမာ ဆောက်ခွင့်မရလို့ ရွှေတချောင်းမြောင်းဘက်က ခြံတံခါးက ပိတ်မြ ပိတ်လျှက်ပိတ်ဆဲ..၊ အခုတော့ ပုံ(၁)နဲ့ ပုံ(၂) မှာ ပြထားသလို ကွန်ကရစ်တံတားကြီးတွေပင် တံတားထိုး တည်ဆောက်ခွင့်ပြုနေပြီထင့်..၊ဒါတင်မက စည်ပင်က လုပ်ထားသော ရွှေတချောင်းမြောင်းဘောင်ကို ထိရုံမက ရွှေတစ်ချောင်းမြောင်းထဲမှာပင် ကွန်ကရစ်တိုင်က စိုက်ထား လိုက်ပါသေးသည်၊ဒီတစ်ခါတော့ ကိုရွှေစည်ပင်များ ထိုကွန်ကရစ်တံတားဆောက်နေစဉ်က ထိုင်ကြည့်ခဲ့ပုံမရ၊ ထိုဖြစ်စဉ်တွေ မြင်နေရတော့ upper mandalay ဂျာနယ်တိုက်ပိုင်ရှင်ကို ခင်ဗျားတို့ တံတား မခင်းသေးဘူးလားဆိုတော့ အခုထိ ခင်းခွင့် မရသေးဘူးဟု ဆိုလာပါသည်၊ ကျွန်တော်က သူတို့ ဂျာနယ်တိုက်နှင့် တစ်လမ်းကျော်က ကွန်ကရစ်တံတားကြီးအကြောင်း ပြောပြတော့ "" ဆရာဂျူကလည်း၊ သူတို့က မျက်နှာ အဖြူရောင်နဲ့ လူတွေလေဗျာ၊ ဖြူတာတောင် ငယ်မွေးခြံပေါက် ဖြူတဲ့သူတွေ မဟုတ်ဘူး၊ မနေ့တနေ့ကမှ ဖြူလာတဲ့သူတွေ၊ကျွန်တော်တို့ ကတော့ မျက်နှာအညိုရောင်မာင်းမောင်းရှိသော မြန်မာစစ်စစ်တွေဆိုတော့ လုပ်ချင်တိုင်း လုပ်လို့မရဘူးဗျ..၊" လို့ ဆိုလာပါသည်၊ ထို့စကားအပေါ် ကျွန်တော်၏ မှတ်ချက်ကာ.း..." ဒါကြောင့် ခင်ဗျားတို့ မန္တလေးသားတွေက မျက်နှာ အဖြူရောင် ဆေးသုတ်ထားကြတာကိုးဗျ၊ တစ်မြို့လုံးကို ဖြူလို့ ဖွေး လို့..။

(ဟာဂျူလီ-ကသာ)

No comments:

Post a Comment