Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

မလေးတွင် (၁၄) ထပ်မှ အသက် (၂) နှစ်နှင့် (၃၅) နှစ်အရွယ် ချင်းလူမျိုး (၂) ဦး ပြုတ်ကျ ကွယ်လွန်

 
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Taman Sungai Besi Apartment ၏ (၁၄) ထပ်မှ ချင်းလူမျိုးများဖြစ်ကြသော အသက် (၃၅) နှစ်အရွယ်ရှိ Khen Hrang နှင့် အသက် (၂) နှစ်အရွယ် Pu Van Thang ၏ သား David တို့ ပြုတ်ကျကာ ကွယ်လွန်မှု ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅) ရက်၊ နံနက် (၉း၄၀) ခန့်တွင် ဖြစ်ပွားခဲ့သည်။

Malaysia အခြေစိုက် The Chin Times ၏ ဖော်ပြချက်အရ- ခလေးငယ် David သည် အိမ်၏ ၀ရမ်တာတွင် ကလေးသဘာဝ ဆော့ကစားနေရာမှ ကစားသည့်အရုပ် အပြင်သို့ထွက်ကျ သွားရမှာ- သွားရောက် ဆယ်ယူရန် ကြိုးစားရင်း အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

David အောက်သို့ကျခြင်းကို သူ၏ ဦးလေးဖြစ်သူ (David ဖခင်၏ ညီ)မှ တွေ့ပြီး၊ အောက်သို့ ဓါတ်လှေကားမှ တဆင့် သွားရောက် ကြည့်ရှု့ရန် စောင့်ဆိုင်းသော်လည်း ဓါတ်လှေကား ကြာလှသဖြင့်၊ သူ၏ ချစ်လှစွာသော တူကလေးဆီသို့ ထပ်မံခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချခါနီးတွင် အခြားလူများမှ- မခုန်ချရန်နှင့် ခလေးမှာ ကွယ်လွန်ပြီးဖြစ်ကြောင်း ဖျောင်းဖြကြသော်လည်း မည်သို့မျှ တားဆီး၍ မရဖြစ်ခဲ့ရသည်ဟု သိရသည်။

ကွယ်လွန်သူများ၏ ရုပ်ကလာပ်အား ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဈာပနအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

Chin World




No comments:

Post a Comment