Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

သူဌေးကြီးဘီလ်ဂိတ် စစ်တုရင်ချန်ပီယံကို ၇၉စက္ကန့် နဲ့ ရှုံးနိမ့်


မိုက်ကရိုဆော့ကုမ္ပဏီကြီးကိုတည်ထောင်သူ၊ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်သူဟ ဘီလ်ဂိတ်ဟာ တကယ်တော်ပြီး တကယ်စမတ်ကျသူဆိုတာအငြင်းပွားဖွယ်မရှိပါဘူး။
အဲဒီမိုက်ကရိုဆော့သူဌေးကြီးဘီလ်ဂိတ်က မက်ဂနက်စ်ကားလ်ဆန်ဆိုတဲ့ စစ်တုရင်အကျော်အမော်ကို စစ်တုရင်ပြိုင်ထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။
မက်ဂနက်စကားဆန်ဟာ အသက် ၁၃နှစ်မှာ စစ်တုရင်ဂရင်းမာစတာဖြစ်ခဲ့ပြီးကမ္ဘာ့အတော်ဆုံး နံပါတ်တစ်ချန်ပီယံပါ။

ပြိုင်ပွဲမစခင်မှာပဲ ဘီလ်ဂိတ်ကရလာဒ်တော့ ရှုံးမယ်ဆိုတာသိပြီးသားပါလို့ ပြောပါတယ်။   ရွှေ့ ကွက်ကိုးကွက်အပြီး ၇၉ စက္ကန့် မှာ သန်းကြွယ်သူဌေးကြီးရှုံးနိမ့်သွား ခဲ့ပါတယ်။
သူရှုံးသွားပြီးတဲ့နောက် သူဌေးကြီးပြောနိုင်တဲ့စကားလေးတစ်ခွန်းက  အိုး... မြန်လိုက်တာ   တဲ့။
ကျွမ်းကျင်ရာလိမ္မာကြတာပါပဲနော်။
အောက်မှာစိတ်ဝင်စားသူများကြည့်ကြဖို့  ဘီလ်ဂိတ်တို့ စစ်တုရင်ပွဲဗီဒီယိုကိုတင်ထားပေးပါတယ်။
the melting pot 4 U


No comments:

Post a Comment