Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

သားအကြောင်းကောင်းကောင်းသိတဲ့အမေ

ငွေပြတ်သွားတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူ့ အမေကိုဖုန်းလှမ်းဆက်ပြီး ပိုက်ဆံပို့ ဖို့ လှမ်း ပြောပါတယ်။
အမေဖြစ်က "သားကိုပိုက်ဆံနည်းနည်းလှမ်းပို့ လိုက်မယ်လေ။သားရဲ့ အီကိုစာအုပ်လည်း ပြီးခဲ့တဲ့နှစ်ပတ်အိမ်ပြန်လာ တုန်းက ကျန်ရစ်ခဲ့တယ်။ အဲဒီစာအုပ်ကိုရောပို့ ပေးလိုက်ရမလား"လို့ မေးတော့ သားက "ပို့ ပေးလိုက်ပါအမေ"လို့ ပြန်ပြောပါတယ်။

ဒါနဲ့ အမေက စာအုပ်နဲ့ ပိုက်ဆံကိုပါကင်ထုပ်ပြီးစာတိုက်ကနေပို့ လိုက်ပါတယ်။
ပို့ ပြီးအိမ်ပြန်ရောက်တော့ အဖေဖြစ်သူက မင်း သားကိုပိုက်ဆံဘယ်လောက်ပို့ လိုက်လဲ လို့ မေးတော့ အမေက "ချက်နှစ်စောင်ရေးပြီးပို့ လိုက်တယ်။ တစ်ခု ဒေါ်လာ ၂၀၊နောက်ချက်တစ်စောင်က ဒေါ်လာ ၁၀၀၀"
အဖေဖြစ်က "မင်းရူးနေသလားကွ။ ဒေါ်လာ ၁၀၂၀ တောင်ပို့ လိုက်ရသလား။" လို့ ဒေါသတကြီးအော်တော့
အမေက  "စိတ်မပူပါနဲ့ အဖေကြီးရယ်။ ကျမက ဒေါ်လာ၂၀တန်ချက်ကို  စာမျက်နှာအဖုံးမှာတိပ်နဲ့  ကပ်ပေးလိုက်တယ်။နောက် ဒေါ်လာ၁၀၀၀ တန်ချက်ကိုတော့ သင်ခန်းစာ၁၅က စာမျက်နှာမှာ တိပ်နဲ့ ကပ်ပေးလိုက်တာပါ။ရှင့်သား သင်ခန်းစာ၁၅ ကိုဘယ်တော့မှလှန်ကြည့်မှာမဟုတ်ပါဘူး။စိတ်ချ"   တဲ့။
 တိန် !!!! 
Joke _ the melting pot 4 U


No comments:

Post a Comment