CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မိုနာလီဇာ နှုတ်ခမ်းကို ၁၀နှစ်ကြာ အချိန်ပေးဆွဲခဲ့ရ
By
VC
January 28, 2014
art
မိုနာလီဇာ ပန်းချီကားကို တစ်ကမ္ဘာလုံးက ကလေးက အစ လူကြီးအဆုံး အားလုံး
သိပါတယ်။ ၁၅၀၃ နဲ့ ၁၅၀၆ ခုနှစ်ကြားကာလမှာ ဆွဲခဲ့တဲ့လို့ မှတ်တမ်း တင်ထားတဲ့
သမိုင်းက အနည်းငယ် ပြောင်းလဲ လာပါတယ်။ အဲ့ဒါ ကတော့ မိုနာလီဇာရဲ့ နှုတ်ခမ်းကြောင့်ပါ။
လီယိုနာဒို ဒါဗင်ချီ အနေနဲ့ မိုနာလီဇာရဲ့  နှုတ်ခမ်း ကို ရေးဆွဲဖို့အတွက်
၁၀ နှစ်တောင် အချိန်ပေးရ တယ်လို့ ဆိုပါတယ်။ ပန်းချီကားတစ်ခုလုံးမှာ ယင်း
အပြုံးကိုဆွဲရတာ အခက်ခဲဆုံး အပိုင်း ဖြစ်ကြောင်း လေ့ လာသူများက
ခန့်မှန်းပါတယ်။
နောက်ထပ် လေ့လာချက်များ အရ မိုနာလီဇာဟာ ပန်းချီကား ထဲမှာ ၈၃
ရာခိုင်နှုန်း ပျော်ရွှင်မှု၊ ၉ ရာခိုင်နှုန်း စက်ဆုပ်မှု၊ ၆ ရာခိုင်နှုန်း
ကြောက်ရွံ့ မှု၊ ဒေါသ ၂ ရာခိုင်နှုန်း အချိုးကျ ပါဝင်ကြောင်း သိရ ပါတယ်။
.
Ref:dkyknow
အောင်ခမ်း ( www.mmsocialsky.com )
မိုနာလီဇာ နှုတ်ခမ်းကို ၁၀နှစ်ကြာ အချိန်ပေးဆွဲခဲ့ရ
Reviewed by
VC
on
January 28, 2014
Rating:
5
No comments:
Post a Comment