Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

မင်းတုန်းမင်းလှူဒါန်းသည့် သုဓမ္မာဇရပ်များ ပြန်လည်ပြုပြင်ရန် အလှူရှင်နှင့် ဦးစီးဌာနတို့ သဘောထားကွဲ

မျိုးသန့်| ဇန်န၀ါရီ ၁၇၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

မန္တလေးမြို့ အထင်ကရ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သော သုဓမ္မာဇရပ်များ ပြန်လည်ပြုပြင်ရန် အလှူရှင်နှင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များဦးစီးဌာနတို့အကြား သ ဘောထားကွဲလွဲနေခြင်းကြောင့် တည်ဆောက်ရေးလုပ်ငန်း ရပ်နားထားရကြောင်း ဗိသုကာပညာရှင်တမ္ပ ၀တီဦးဝင်းမောင်က ဇန်န၀ါရီ ၁၆ရက်က ပြောသည်။

သုဓမ္မာဇရပ်တန်း ၃၃ခုအနက် ပျက်စီးသွားသည့် ဇရပ် ၁၄ ခု ပြန်လည်တည်ဆောက်ရန် အလှူရှင်ဘက် မှ ကွန်ကရိတိုင်ဖြင့် တည်ဆောက်လိုခြင်း၊ ဦးစီးဌာနမှ ရှေးမူမပျက်ပြင်ဆင်လိုခြင်းတို့ သဘောထားကွဲလွဲ နေခြင်းကြောင်း တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“သုဓမ္မာဇရပ်တန်းတွေကို တည်ဆောက်ခြင်းလုပ်ငန်းတွေအတွက် လှူဒါန်းမယ့် အလှူရှင်တွေက လိုချင် တဲ့ပုံစံနဲ့ ဌာနက ရှေးဟောင်းပုံစံမပျက် တည်ဆောက်ချင်တာနဲ့ သဘောထားကွဲလွဲနေလို့ တည်ဆောက် ခြင်း မလုပ်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ပျက်စီးသွားသည့် ဇရပ် ၁၄ ခုကို တည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် သုဓမ္မာဇရပ်တန်းလေးခုအတွက် အလှူရှင်များ ရရှိထားပြီးဖြစ်သဖြင့် ကျန်ရှိသော သုဓမ္မာဇရပ်များအ တွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။

Mizzima - News in Burmese

No comments:

Post a Comment