Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်းဝယ်ယူခွင့် လူဦးရေ ၃၀၀၀ ကျော် လျှောက်ထား

 Date: 22/01/2014


ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက် ဗိုလ်ဗထူး လမ်းမပေါ်တွင် တည်ဆောက်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူရန် လျှောက်လွှာ စတင်ခေါ်ယူချိန် ဇန်နဝါရီလ ပထမပတ်မှ သုံးပတ်ကာလအတွင်း ဝယ်ယူခွင့် လျှောက်ထားသူ လူဦးရေ ၃၀၀၀ ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C)၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

တိုက်ခန်း တစ်ခန်းလျှင် ၆၁၄ စတုရန်း ပေကျယ်ဝန်းသော Type A အမျိုးအစားကို ကျပ် ၂၅၅ သိန်း၊ ၅၆၅ စတုရန်းပေရှိ Type B အမျိုးအစား တစ်ခန်းလျှင် ကျပ် ၂၃၇ သိန်း၊ ၉၂၇ စတုရန်းပေရှိ Type C အမျိုးအစား တစ်ခန်းလျှင် ၃၄၇သိန်း၊ ၈၇၇ စတုရန်းပေရှိ Type D အမျိုးအစား တစ်ခန်းလျှင် ကျပ် ၃၂၉ သိန်းဟု ဈေးနှုန်း သတ်မှတ်ထားကြောင်း၊ Type A ၃၃၀ ခန်း၊ Type B ၂၂ ခန်း၊ Type C ၉၀ ခန်း၊ Type D ခြောက်ခန်း အပါအဝင် တိုက်ခန်းပေါင်း ၄၄၈ ခန်းကို ရောင်းချမည် ဖြစ်ကြောင်း (Y.C.D.C) အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခန်းများကို ငွေအရစ်ကျ ပေးသွင်းသည့် ပုံစံနှင့် ဘဏ်ချေးငွေ စနစ်ဖြင့် ပေးသွင်းသည့် ပုံစံတို့ဖြင့် ရောင်းချမည် ဖြစ်ကြောင်း၊ ဝယ်ယူခွင့် လျှောက်ထားလိုသူများ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာနက ထုတ်ပြန် ကြေညာထားသော လျှောက်လွှာ ပုံစံအတိုင်း လက်ရေးဖြင့် ရေးသား လျှောက်ထားရမည် ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း (Y.C.D.C) အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရစ်ကျ ရောင်းတယ် ဆိုပေမယ့်လည်း တိုက်ခန်းဈေးတွေက ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေတယ်။ ငွေသွင်းရမယ့် ပမာဏကလည်း တော်တော်များနေတယ်” ဟု တိုက်ခန်း ဝယ်ယူခွင့် လာရောက် လျှောက်ထားသည့် ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ဒေါ်ဝင်းကြည်က ပြောဆိုသည်။

ဗိုလ်ဗထူးအိမ်ရာ တည်ဆောက်ရေးကို ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့က ပန္နက်ရိုက်ကာ စတင်ခဲ့ပြီး လူနေ အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် တစ်ဖိုးမျှတအိမ်ရာ ဖြစ်ကြောင်း၊ အဆိုပါ အိမ်ရာစီမံကိန်းကို ဧက ၁၁၄ အကျယ်ရှိသော မြေပေါ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ခြောက်ထပ် အဆောက်အအုံများ အပါအဝင် အဆောက်အအုံပေါင်း ၆၇ လုံး ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

Credit: The Voice Weekly

No comments:

Post a Comment