Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ပါကစ္စတန်စစ်ဌာနချုပ်အနီး တာလီဘန်အသေခံဗုံးခွဲ အနည်းဆုံးသေဆုံးသူ ၁ဝ ဦးရှိပြီး ၁၄ ဦး ဒဏ်ရာရ



အစ္စလာမ္မာဘတ် ဇန်နဝါရီ ၂ဝ

ပါကစ္စတန်စစ်ဌာနချုပ်အနီး လူစည်ကားရာဈေးအတွင်း တနင်္လာနေ့က တာလီဘန်ဗုံးခွဲသူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် လူ ၁ဝ ဦး သေဆုံးသွားခဲ့ကြောင်း၊ ယင်းမှာ မြောက်ဝါဇီရစ္စတန် လူမျိုးစုဒေသ၌ တာလီဘန် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂ဝ သေဆုံးပြီး တစ်ရက်အကြာတွင် တိုက်ခိုက်ခဲ့ကြောင်း ရဲအဖွဲ့ကပြောသည်။ အဆိုပါဈေးသည် မြို့တော်အစ္စလမ္မာဘတ်အနီး ရာဝယ်ဟင်ဒီဂိုးစစ်ဌာနချုပ်မှ မလှမ်းမကမ်းတွင် တည်ရှိသည်။ ယင်းနေရာသည် လုံခြုံရေးထူထပ်စွာ ချထားသည့်နေရာလည်း ဖြစ်သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်က ယင်းနေရာကို လုံခြုံရေးတာဝန်ယူလိုက်ကြောင်း ရဲချုပ် ဟာရက်လာလစ်ကာက ပြောသည်။ ယင်းတိုက်ခိုက်မှုကြောင့် အခြား ၁၄ ဦးလည်း ဒဏ်ရာရရှိသွားသည်။

စက်ဘီးအပျက်စီးနှင့် သွေးအိုင်အနီးတွင် သေဆုံးသူများ၏အလောင်း များကိုပုံထားကြောင်း သေဆုံးသူများတွင် အပြာရောင်ဝတ်စုံဝတ် ကောလိပ်ကျောင်းသားနှစ်ဦးလည်း ပါဝင်ကြောင်း ရိုက်တာသတင်းထောက်က အခင်းဖြစ်နေရာမှ သတင်းပို့သည်။

ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရသူများကို ဆေးရုံသို့ အမြန်ဆုံး ပို့ပေးခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနီးရှိ အဆောက်အအုံများမှ ပြတင်းပေါက်မှန်များ ကွဲကျပျက်စီးသွားသည်။

ယင်းတိုက်ခိုက်မှုသည် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ကိုယ်စား တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ရှာလစ်ဒူလာ ရှာလစ်က ပြောသည်။ (ရိုက်တာ)

Second Taliban bomb attack kills 13 near Pakistan army HQ

RAWALPINDI, Pakistan Mon Jan 20, 2014 7:38am EST
(Reuters) - A Taliban suicide bomber killed 13 people in a crowded market near the Pakistani army headquarters on Monday, a day after the Taliban killed 20 soldiers near the largely lawless, tribal region of North Waziristan, police said.
The market, a short walk from the army headquarters in Rawalpindi, near the capital, Islamabad, was in one of the most secure areas of the city. The area was cordoned off by the military immediately after the blast.
Two college students wearing blue uniforms were among the dead, their bodies lying near wreckage of a bicycle and pools of blood. Rescue workers struggled to help the wounded. Windows were shattered several hundred meters away.http://www.reuters.com/article/2014/01/20/us-pakistan-bombing-idUSBREA0J07G20140120


No comments:

Post a Comment