Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

မိုးကုတ်တွင် ဆိုင်ရှေ့ ကားပိတ်ရပ်ရာမှ စကားများပြီး ဓားထိုးမှုဖြစ်ပွား၊ လူတစ်ဦးသေ


မန္တလေး၊ ဇန်န၀ါရီ ၂၂

မိုးကုတ်မြို့တွင် ကားပိတ်ရပ်၍ စကားများရာမှ ဓားထိုးမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာရရှိမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၁ရက်နေ့တွင် အောင်ချမ်းသာ ၁၇ရပ်ကွက်နေ၊ မ----နှင့် ၄င်း၏အမျိုး သားဖြစ်သူ ကို---တို့မှာ လိုက်ထရက်အဖြူရောင်ယာဉ်ဖြင့် ဈေးဟောင်းရပ်ရှိ ဈေးဆိုင်တွင် ဈေးဝယ်ရန် ၄င်းဆိုင်အနီး I Laund ကွန်ပျူတာ အရောင်းဆိုင်ရှေ့တွင် ကားပိတ်ရပ်တန့်သောကြောင့် ဆိုင်ပိုင်ရှင်မှ မရပ်တန့်ရန်ပြောဆိုရာမှ အချင်းများခဲ့ပြီး ကွန်ပျူတာဆိုင်ပိုင်ရှင် ကို-----မှ ၁၈လက်မခန့်ရှိသော စတီးဓားဦးချွန်ဖြင့် ဦးအေးကိုကို၏ ၀မ်းဗိုက်ယာဘက်နှင့် ခါးယာ ဘက်ထိုးသွင်း ဒဏ်ရာများရရှိရ်ျ မ---မှ ၀င်ရောက်ဖြန်ဖြေရာ ယာလက်ညှိုးလက်ကောက်ဝတ်ပြက်ရှ ဒဏ်ရာများရရှိရ်ျ မိုးကုတ်မြို့နယ်ဆေးရုံသို့ ပို့ ဆောင်ကုသခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ ဦး---မှ ရရှိသောဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ ဆောင်ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် ကွန်ပျူတာဆိုင်ပိုင်ရှင် ကို--------အား (ပ) ၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄အရ အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

၎င်းနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်မှုဖြစ်ပွားခဲ့သည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment