Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 4, 2014

ပခုက္ကူ မြို့ မှာ တကိုယ်တော်ဆန္ဒပြ

ပခုက္ကူ မြို့ မှာ တကိုယ်တော်ဆန္ဒပြ
ယနေ့ နေလယ်ပိုင်းတွင် ပခုက္ကူ မြို့ အမှတ် ( ၁၁ ) ရပ်ကွက်နေ ဦးနေ၀င်း ( သံသေတ္တာလုပ်ငန်း ) ပုဒ်မ ၅၉(ဃ)၊(စ) အလိုမရှိ ကြောင်း တကိုယ်တော်ဆန္ဒပြရာ မျိုးမြန်မာရပ်ကွက် ၁၄ လမ်းမှ စတင်ထွက်ခွာပြီး မြို့ သစ် ပေါက်လမ်း ဗိုလ်ချုပ်လမ်းတလျောက် ပုဒ်မ ၅၉(ဃ)၊(စ) အလိုမရှိ ဟုဆိုက်ဘုတ်နှင့် မြို့ပတ်ပြီး တကိုယ်တော်ဆန္ဒပြကြောင်း သတင်းရရှိပါသည် ။

ပခုက္ကူ မြို့ မှာ တကိုယ်တော်ဆန္ဒပြ

ထို့ အပြင် ဇန်နဝါရီလ(၄)ရက်နေ့ ယနေ့ မနက် (၉.၀၀)နာရီအချိန်တွင် မြိတ်မြို့ ပေါ်တော်မူ စေတီပေါ်တွင်လည်း  ဆန္ဒဖော်ထုတ်မှု တစ်ခုကို ပြုလုပ်သွား ခဲ့ပါသည်။

မြိတ်မြို့တွင် ပြည်သူလူထုအား မတရား ဖိနှိပ်လျက်ရှိသည့် ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) တို့အား ကန့်ကွက်သည့်အနေဖြင့် တရားဝင် ဆန္ဒပြခွင့် တင်ခဲ့ရာ လူစုလူဝေး အဖြစ်မခံနိုင်ဟုဆိုကာ  နှစ်ကြိမ်တိုင်တိုင် ပယ်ချခဲ့ပါသည်။

မြိတ်မြို့ပေါ်တော်မူစေတီပေါ်တွင် လွတ်လပ်ရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ပါစေကြောင်းနှင့် ပြည်သူလူထု မလိုသော ဥပဒေများ အမြန်ပယ်ဖျက်စေလိုကြောင်း ၊ မြန်မာတစ်နိုင်လုံး ဒီမိုကရေစီ အမြန်ရပါစေကြောင်း ဆုတောင်း ဆီမီးထွန်းညှိခြင်း၊ ဗူဖောင်းများ လွတ်တင်ခြင်း တို့ ပြုလုပ်ခဲ့ကြပါသည်။

BY THIT HTOO LWIN

မြိတ်မြို့တွင် ယနေ့ ဆန္ဒထုတ်ဖော်ခွင့် နှစ်ကြိမ်ပယ်ချခံရပြီးနောက် ဆန္ဒထုတ်ဖော်နေစဉ်

No comments:

Post a Comment