Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 19, 2014

လယ်ယာမြေများအား သဘောမတူပဲ လာရောက်တိုင်ထွာမည်ဆိုလျင်ပြန်လည်တရားစွဲဆိုသွားမည်ဟု ဦးအောင်မြတ်ခိုင်ကပြော


Sunday, January 19, 2014

လယ်ယာမြေများအား သဘောမတူပဲ လာရောက်မြေတိုင်ထွာမယ်ဆိုရင် မြရွှေဝါကုမ္မဏီ အပါအ၀င် မြေတိုင်ဌာနများအား ပြန်လည် တရားစွဲဆိုသွားရန် အတွက် ပြင်ဆင်ထာပြီးဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ကျီစုအရှေ့ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးအောင်မြတ်ခိုင်က ပြောသည်။

ယင်းလယ်ယာမြေများအား ဇန်န၀ါရီ ၂၀ရက်တွင် လာရောက်၍ မြေတိုင်းထွာရန် စီစဉ်နေသော အဖွဲ့အစည်းများအား လယ်ဧက(၁၁၀)ကိုသာေ မြတိုင်ခွင့်ရှိပြီး ကျန်ဧက(၅၉၃)ဧကကိုတော့ မြေတိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

ဦးအောင်မြတ်ခိုင်က “အခုလုပ်နေတဲ့လယ်ယာမြေတွေဟာ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ လယ်ယာတွေပါ အခု ကျွန်တော်တို့က ဘာမှ မသိနားမလည်ဘူး ဆိုပြီးတော့ သူတို့အနိုင်ကျင့်ချင်သလို အနိုင်ကျင့် ခံနေရတာပါ ၂၀ရက်နေ့မှာ လယ်ယာမြေတွေကို လာတိုင်မယ်လို့ သိရတယ် ကျွန်တော်တို့ (၈၄)ဦးပိုင်တဲ့ ဧက(၅၉၃)ဧကကိုတော့ မြေတိုင်မှု ပြုလုပ်ခွင့် မပြုနိုင်ဘူး ကျန်တဲ့ ဧက(၁၁၀)ဧကက သူတို့ပေးတဲ့ ပိုက်ဆံကိုယူပြီးတော့ သဘောတူထားတာဆိုတော့ သူတို့ဘာသာ ဘယ်လိုလုပ်လုပ် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ကျွန်တော်တို့ကတော့ သူတို့ပေးတဲ့ ပိုက်ဆံကို မယူပါဘူး ဒီအတွက် ကျွန်တော်တို့ရဲ့ လယ်ယာမြေကိုတိုင်ထွာခွင့်မပြုနိုင်ပါဘူး”ဟု ပြောသည်။

ယင်းဒေသခံ လယ်သမားအချို့သည် လယ်(၁)ဧကလျှင် (၂၅)သိန်းဖြင့် ပေးချေထားရာ ဧကပေါင်း (၁၁၀)ဧကတွင် ပါဝင်သူများက သဘောတူ လက်ခံခဲ့ပြီး ဦးအောင်မြတ်ခိုင် ပါဝင်သော (၈၄)ဦးတို့ကတော့ သဘောမတူပဲ ကိုယ်ပိုင် လယ်ယာမြေများအဖြင့်သာ လုပ်သွားမည်ဟု ဆိုထားသည်။

ချစ်မင်းထွန်း
မြန်မာ့ခေတ်

No comments:

Post a Comment