Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

ကျောင်းကုန်းမြို့နယ်ရှိ သောက်သုံးရေတွင် အာဆင်းနစ် ပါဝင်မှုနှုန်း မြင့်မားနေခြင်း လွှတ်တော် ကွင်းဆင်းစစ်ဆေးမည်

  နေပြည်တော်၊ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ သောက်သုံး ရေတွင်းနှင့် ရေကန်များတွင် အာဆင်းနစ်ဓာတ် ပါဝင်နှုန်း မြင့်မားနေသောကြောင့် ကျန်းမာရေး ထိခိုက်မှု ရှိလာနိုင်သဖြင့် ယင်းမြို့နယ်ကို အထူးဇုန် သတ်မှတ်ကာ လွှတ်တော်က ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ကျောင်းကုန်းမြို့နယ် ရှိ ရေတွင်း ရေကန်များအတွင်း အာဆင်းနစ်ဓာတ် ပါဝင်မှု မြင့်မားနေသောကြောင့် အစိုးရအနေနှင့် အာဆင်းနစ်ဓာတ် ကင်းလွတ်သော ရေတွင်းများ တူးဖော်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာတွင် သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီဒေသမှာ ရှိနေတဲ့ သူတွေအတွက် အင်မတန် အန္တရာယ် ကြီးနေတယ်လို့ ပြောလို့ရတယ်။ လွှတ်တော်အနေနဲ့ အထူးဒေသအဖြစ် ကွင်းဆင်းပြီး ပြန်တင်ပြရင် ပိုပြီးထိရောက်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ကိစ္စအတွက် လွှတ်တော်မှ ဖွဲ့စည်းထားသော မွေးမြူရေး၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် သက်ဆိုင်ရာ အစိုးရဌာနတို့ ပူးပေါင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

ကျောင်းကုန်းမြို့နယ်တွင် အာဆင်းနစ် မြင့်မားမှုကြောင့် ယူနီဆက်၏ အစီအစဉ်ဖြင့် ၂၀၀၃ ခုနှစ်အတွင်း အာဆင်းနစ် ကင်းလွတ်သည့် ရေတွင်း ၃၃ တွင်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း တူးဖော်ပေးခဲ့သော်လည်း အနံ့မကောင်း၍ သောက်သုံး မရကြောင်း ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ပြောဆိုသည်။

The Voice Weekly


No comments:

Post a Comment