Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 20, 2014

အကယ်ဒမီ ရခြင်း၊ မရခြင်းက အနုပညာ ဖန်တီးမှုအပေါ် သက်ရောက်မှု မရှိဟု နေတိုးပြော

အကယ်ဒမီ ရခြင်း၊ မရခြင်းက အနုပညာ ဖန်တီးမှုအပေါ် သက်ရောက်မှု မရှိဟု နေတိုးပြောအနုပညာ လောကထဲ မှာ အောင်မြင်မှု တစ်ခု ရအောင် ကူညီ ပံ့ပိုးပေးတဲ့ ကျေးဇူးတွေက အဖေ နဲ့ အမေရယ်၊ ဂျော်လီဆွေ နဲ့ သားများဖြစ်ကြောင်း လည်း ပြောပြခဲ့ဖူး သူ နေတိုးက အကယ်ဒမီဆုရှင် များကို မွေးထုတ်ပေးတဲ့ ဒါရိုက်တာ ဝိုင်းနဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးခဲ့ပါတယ်။
အခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာ ဒါရိုက်တာ ဝိုင်း အကယ်ဒမီ မရရှိခြင်းအပေါ် နေတိုး က “အကယ်ဒမီ ရခြင်း၊ မရခြင်းက ကျွန်တော်တို့ရဲ့ အနုပညာ ဖန်တီးမှုကို ဘာမှသက် ရောက်မှု မရှိပါ ဘူး။ အရှင်းဆုံး ပြောရရင် ကျွန်တော်တို့ အားလုံးက အနုပညာ တစ်ခုကို ဖန်တီး တဲ့အချိန်မှာ အကောင်း ဆုံး ဖြစ်အောင် ကြိုးစား ဖန်တီးကြတာပဲ။ အကယ်ဒမီ ဆိုတာ တစ်နှစ် တစ်ခါ ကျွန်တော် တို့ရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုတဲ့ သဘောပါ။ အကယ်ဒမီ စည်းမျဉ်းစည်းကမ်းတွေ ဝင်နေတဲ့ ဇာတ်ကား တွေကတော့ အကယ်ဒမီ ရကြတာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။
ဆက်လက်ပြီး အနုပညာ သမား တစ်ယောက် အတွက် အကယ်ဒမီ ဆို တာ ပေးဆပ်မှု တစ်ခုကို အသိအမှတ်ပြုပေးတဲ့ အနု ပညာ မှတ်တိုင် တစ်ခု လို့ ပြောရင်ရပါ သလား လို့ မေးကြည့်တော့ “အနုပညာ သမားတွေရဲ့ ပေးဆပ်မှု ကတော့ ဒီအကယ်ဒမီဆု ကိုရဖို့ မျှော်မှန်းပြီးတော့ လုပ်တဲ့လူ ရှားကြတယ် လို့ မြင်ပါတယ်” လို့ ပြောပြ ခဲ့ပါ တယ်။
အဲဒီနောက် မှာတော့ ခုဒါရိုက်တာဝိုင်း နဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးမှာ ကိုနေတိုးကို ပရိသတ်တွေက ဘယ်လို ဇာတ်ရုပ်မျိုး မြင်တွေ့ရမှာလဲ လို့ မေး ကြည့်တော့ “ကျွန်တော် သိပ်ခန့်မှန်းရ ခက်တဲ့ ကောင်မလေး တစ်ယောက်ကို ချစ်မိတဲ့ အခါမှာ သူ့အတွက်ဆို ဘာမဆို လိုက် လုပ်ပေးတဲ့လူ တစ်ယောက် အဖြစ် ဒီဇာတ်ကား မှာ ပရိသတ်တွေ မြင်ရ မှာပါ” လို့ ကိုနေတိုးက ပြောပြခဲ့ပါ တယ်။

No comments:

Post a Comment