Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ

မဇ္ဈိမသတင်းဌာန| တနင်္လာနေ့၊ ဇန်နဝါရီလ ၂၇ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။သမ္မတ ဦးသိန်စိန်နှင့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ဂျင်ယုံကင်နှင့် အဖွဲ့ ဇန်နဝါရီလ ၂၇ရက် နံနက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ ဧည့်ခန်းဆောင်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ပေးမည့် ဖွံ့ဖြိုးရေးနှင့် လျှပ်စစ်မီး ရရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ကို သုံးနှစ်အတွင်း ထောက်ပံ့မည်ဖြစ်ပြီး ယခုထက် ပိုမို၍ အကူအညီများ ပေးရန်လည်း စီစဉ်ထားမှုများ ရှိသည်ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။

သမ္မတနှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဒေါက်တာဖေသက်ခင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်အပါအဝင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့ ပါဝင်ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment