Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အလုပ်အတူလုပ်နေသည့် အသက်မပြည့်သေးသူဝမ်းကွဲညီမအား ခိုးယူပေါင်းသင်းသူကိုအမှုဖွင့်


Friday, January 17, 2014

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာ နယ်မြေရဲစခန်းသို့ ၂ဝ၁၃ ခုနှစ် မေ ၇ ရက်က ရွာမှအတူထွက်သွားကြပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အလုပ်လုပ်နေကြရာမှ အသက်မပြည့်သေးသည့်သမီးအား တူတော်သူကခိုးယူပေါင်းသင်းမှုကို အရေးယူပေးပါရန် ယခုလ ၁၃ ရက်က လာရောက်အမှုဖွင့်
တိုင်ကြားမှုဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ညောင်ပင်သာ ဇေယျာသီရိ ၈လမ်းနေ ဒေါ်စိန်တုတ်၏သမီး မအိဖြူထွေးအသက်(၁၆နှစ်)ကို တူတော်စပ်သူ ဖြူးမြို့ နတ်ရေကန်ရပ်နေ မောင်သန်းထွန်းအသက်(၃၇နှစ်)နှင့်အတူ ၂ဝ၁၃ ခုနှစ် မေ ၇ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အလုပ်လုပ်ရန်ထည့်ပေးလိုက်သည်။

၂ဝ၁၃ ခုနှစ် သြဂုတ် ၅ ရက်တွင် သမီးဖြစ်သူ မအိဖြူထွေးအား တူတော်သူ မောင်သန်းထွေးက ခိုးယူပေါင်းသင်းနေကြောင်း
သိရသဖြင့် ဒေါ်စိန်တုတ်သည် ယခုလ ၂ ရက်တွင် မဲဆောက်သို့လိုက်သွားပြီး သမီးဖြစ်သူအား ထိုင်းနိုင်ငံမှပြန်ခေါ်လာခဲ့သည်

ယခုလ ၁၄ ရက်တွင် မအိဖြူထွေးအား ခိုးယူပေါင်းသင်းလာခဲ့သူ
မောင်သန်းထွန်းမှာ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြောင်း ဒေါ်စိန်တုတ်မှကြားသိရသည်။

မောင်သန်းထွန်းအား အရွယ်မရောက်သေးသည့် သမီးမအိဖြူထွေးအား မိဘ၏အုပ်ထိန်းမှုလက်အောက်မှ သဘောမတူဘဲ ခိုးယူပေါင်းသင်းခဲ့မှု အတွက်အရေးယူပေးပါရန် ဒေါ်စိန်တုတ်က ညောင်ပင်သာရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ရဲစခန်းက(ပ)၂/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၃၆၃)ဖြင့် အမှုဖွင့်ကာ မောင်သန်းထွန်းအား အမြန်ဖမ်း
ဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment