Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 10, 2014

တပ်မတော်သာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ ဇန်နဝါရီ ၁၀ရက်၊ ၂၀၁၄ခုနှစ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ စည်းရုံးဟောပြောရေးအတွက် စစ်ကိုင်းတိုင်း ကလေးမြို့ကို ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ကလေးမြို့ အားကစားကွင်းတွင် ဇန်နဝါရီ ၁၀ရက် နံနက် ၁၀နာရီခန့်တွင် ကလေးမြို့ ဘောလုံးကွင်းတွင် ဟောပြောရာ ပြည်သူသည် တပ်မတော်၏ အစေခံမဖြစ်ရ၊ တပ်မတော်သည်သာ ပြည်သူ့အစေခံဖြစ်ရမည်ဟု ပြောကြားသွားသည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

‘ပြည်သူတွေက တပ်မတော် အစေခံမဖြစ်ရဘူး။ တပ်မတော်သာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ ဖြစ်မယ်ဆို ဘယ်ရာထူး အာဏာ၊ ဘယ်သမ္မတကမှ ယှဉ်နိုင်မှာ မဟုတ်ဘူး’ဟု ပြောကြားသွားသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဒေသခံပြည်သူများက မေးခွန်း ၇ခုကို မေးမြန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေး နှင့် ၅၉(စ)ကို ပြင်ရေး၊ မပြင်ရေးကိစ္စများကို အဓိက မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကလေးမြို့မှ နေ့လည်၁နာရီတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာပြီဖြစ်သည်။

Mizzima - News in Burmese
စစ်ကိုင်းတိုင်း ကလေးမြို့ ဘောလုံးကွင်းတွင် ဇန်နဝါရီ ၁၀ရက် နံနက်က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ဟောပြောပွဲကို တက်ရောက်ရန် ရောက်ရှိနေသော ပရိတ်သတ်များ။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည) Mizzima - News in Burmese







No comments:

Post a Comment