Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

" ကလေးမြို့တွင် အန္တရာယ်ရှိ ဆေးဝါးတစ်မျိုး ပေါ်ပေါက်နေဆိုသော သတင်းအား စုံစမ်းစစ်ဆေးမည် "


Wednesday, January 22, 2014

ကလေးမြို့ APK အွန်လိုင်းသတင်းတွင်ဖော်ပြသော အန္တရာယ်ရှိနိုင်ဟု ယူဆရသည့်ဆေးဝါးတစ်မျိုး ပေါ်ပေါက် နေသည်ဆိုသည့်သတင်းအား စုံစမ်းစစ် ဆေးမည်ဟု သိရသည်။

''ကျွန်တော်တို့ဆီမှာ Hydrocortizone ဆိုတဲ့ အသက်ကယ်ဆေးဆိုတာပဲ သုံးတယ်။ အဲဒါများ ဖြစ်နေမလားပဲ။ ဒီဆေးကိုတော့ အပြင်မှာလည်း လွတ်လွတ်လပ်လပ် ရောင်းခွင့်ရှိနေကြပါတယ်။ နောက်ပြီး ဒါက သောက်ဆေး မဟုတ်ဘူး။ ထိုးဆေးပါ။ အခုပေါ်နေတဲ့ ဆေးက ဆရာဝန်အသိုင်းအဝိုင်းက မဟုတ်ဘဲ ဆေးဆိုင်တွေကများ
လုပ်နေ သလားတော့မသိဘူးပေါ့နော်။ ကျွန် တော်တို့ဆီမှာသုံးနေတဲ့ Hydrocortizone ကတော့ အသက်ကယ်ဆေးပါ။
အဲဒါထိုးလိုက်ရင် ပန်းနာရင်ကြပ်ဆိုရင် ချက်ချင်းကိုပဲ ကောင်းသွားတော့တာ။ ဆေးရုံမှာတော့ Hydrocortizone ဆိုတာ သောက်ဆေးမထွက်ပါဘူး။ စားဆေးဆိုတာတော့ မကြားဖူးဘူး။ စုံစမ်းကြည့်ပြီးတွေ့လို့ ဆေးနမူနာရတယ်ဆိုလို့ရှိရင် FDA လို့ခေါ်တဲ့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်မှု ကော်မတီကို ဆေးနမူနာကို ပို့ပေးမှာပါ။ နောက်ပြီး ဆေးကုတဲ့ ဆရာဝန်တွေ အထူးကုတွေကိုလည်း အဲဒီဆေးနဲ့ ပတ်သက်လို့ မေးကြည့်ပါဦးမယ်''ဟု ကလေးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ကြီးက ပြောသည်။

ကလေးမြို့ APK ဆော့ဖ်ဝဲ သတင်းတွင် ၎င်းဆေးမှာ မြို့ပေါ်နေ ပြည်သူများသာမက ကျေးလက်ပြည်သူများ အကြားတွင် ယခုတလော ထိုဆေးမှာရေ ပမ်းစားလှကြောင်း၊ နှလုံးရော ဂါနှင့် သွေးတိုးရောဂါဝေဒနာရှင်များမှာ ထို ဆေးကို သောက်လျှင် ချက်ချင်း သက် သာလာကြောင်း ဆေးအာနိသင် မှာ အောက်ဆီဂျင်များစွာပါပြီး သောက်လျှင် ခန္ဓာကိုယ် တစ်ခုလုံးသို့ အောက်စီ ဂျင်ဓာတ်များ ချက်ချင်းရောက်သွား ကြောင်း၊ကျန်းမာသူများပင် သောက်ကြ ပြီး ဆေးတစ်ပုလင်းလျှင် ကျပ် ၂ဝဝဝဝ ပေးရကြောင်း၊
ဒုတိယအဆင့် ဆေးမှာ ကျပ် ၆ဝဝဝဝ အထိပေးရကြောင်း၊ နား ကန်းသူကိုပင် နားထဲ ထိုဆေးထည့် က ကြားရကြောင်း၊ ထိုင်းနိုင်ငံဘက်မှ ဝင် လာခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားပြီး အန္တရာယ်ရှိပါက သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် စားသုံးသူ ကာကွယ်ရေး အသင်းများက စုံစမ်းအရေးယူသင့်ပါ ကြောင်း ဖော်ပြတိုက်တွန်းထားသည်ကို တွေ့ရသည်။

ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment