ပုဂံ ၊ ဇန်နဝါရီ ၁၆ ။ ။ နောက်ထပ် နိုင်ငံ ရေး အကျဉ်းသားများအား လွှတ်ပေးရန်
မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊
ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲ ထွဋ် က ပြောသည်။
““နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ပေးဖို့ မရှိပါ ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေမှ မရှိတော့ တာ။ အားလုံးလွှတ်ပေးပြီးပြီ”” ဟု မြန်မာနိုင်ငံက အာဆီယံအ လှည့်ကျဥက္ကဋ္ဌတာဝန် ယူသည့် နှစ်တွင် ပထမဆုံး ကျင်းပ သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် ၌ ဇန်နဝါရီ၁၆ရက်ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ တွင် ရန်ကုန်တိုင်းမ်သတင်းစာ ၏ မေးမြန်းချက်အား ဦးရဲထွဋ် က အထက်ပါ အတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။
““အဲဒါလှည့်ပတ်ပြီး ပြော တာပဲ။ နိုင်ငံရေးအကျဉ်းသား တွေကျန်နေပါသေးတယ်။ အ ရင်အစိုးရလက်ထက်က နိုင်ငံ ရေးသမားတွေကို ဖမ်းဆီးရင် တခြားပုဒ်မတွေနဲ့စွဲပြီး အကျဉ်း ချထားတာ။ ဒါကို နိုင်ငံရေးအ ကျဉ်းသားလို့ပဲခေါ်ရမှာပဲ။ ဒါ ဗြောင် ငြင်းတာပါ””ဟု လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိ စစ်ရေးကော်မတီမှ ဦးရဲအောင် က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
အကျဉ်းထောင်များတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၃ဦး ကျန်နေသေးကြောင်း၊ ယင်းတို့လွတ်မြောက်ရေးအ တွက် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မကြာမီလက် ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအ ဝေးပြု လုပ်ပြီး အဆိုပါကိစ္စကို ဆွေးနွေးသွားမည်ဟု ဦးရဲအောင် က ဆက်ပြောသည်။ နိုင်ငံတော်သမ္မတ၏လွတ် ငြိမ်းချမ်းသာခွင့်အမိန့်အမှတ် ၁/၂၀၁၄ဖြင့် အကျဉ်းသား ၁၃၂၇၄ဦးကို ပြန်လွှတ်ပေးခဲ့ ကြောင်း နိုင်ငံတော်အစိုးရက ဇန်နဝါရီ ၃ရက် က ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းတွင် နိုင်ငံ ရေးအကျဉ်းသား ၁ရဦးသာပါ ဝင်ခဲ့ကြောင်း ၃၃ဦး ကျန်ရှိနေ သေးကြောင်း ဦးရဲအောင်က ပြောသည်။
D.မင်း(ပုဂံမှ ပေးပို့သည်)
Yangon Media Group

No comments:
Post a Comment