Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

ထိုင်းဝန်ကြီးချုပ်ကို အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ စုံစမ်းစစ်ဆေးမည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရအဖွဲ့၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်တွင် မမှန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီက စုံစမ်းစစ်ဆေး သွားမည်ဟု ကြာသပတေးနေ့တွင် ဆုံးဖြတ်လိုက်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ဆန်ဝယ်ယူရေး စီမံကိန်းတွင် မမှန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းလပ်တွင် တာဝန်ရှိကြောင်း အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အမျိုးသားကော်မရှင် ( NACC ) ၏ အချက်အလက် ရှာဖွေရေး ကော်မတီက ဆုံးဖြတ်လိုက်သည်။

အဆိုပါ စီမံကိန်းမှတစ်ဆင့် ပေါ်ပေါက်လာသော ဆုံးရှုံးမှုများကို ဝန်ကြီးချုပ် သိရှိထားသော်လည်း ယင်းကဲ့သို့သော ဆုံးရှုံးမှုများကို ကာကွယ်တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း NACC အဖွဲ့ဝင် ဗစ်ချာမာ ဟတ်ဟွန်းက ပြောကြားသည်။

သို့သော်လည်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ယင်းလပ်က မည်သို့မျှ မှတ်ချက်ပေး ပြောကြားခြင်း မရှိပေ။

အစိုးရအချင်းချင်းကြား ဆန်ရောင်းဝယ်ရေး သဘောတူညီချက်များ ရှိသည်ဟု ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့က ပြောကြားထားသော်လည်း ယင်းပြောကြားချက်ကို အတည်ပြုနိုင်မည့် အထောက် အထား တွေ့ရှိခြင်း မရှိဟု ကော်မရှင်က ပြောကြားလိုက်ပြီး စီးပွားရေး ဝန်ကြီးဟောင်း သာရီရာပီရွန်၊ စီးပွားရေး ဒုတိယဝန်ကြီး ဆရာဖွန် နှင့် အခြားသော ၁၃ ဦး တို့ကို စုံစမ်း စစ်ဆေးလျက် ရှိသည်။

ရှင်းလင်း ပြောကြားမှုများ ပြုလုပ်နိုင်ရန် သံသယရှိသူ ၁၅ ဦးကို ၁၅ ရက်အတွင်း ဆင့်ခေါ်သွားမည်ဟု ကော်မရှင်က ပြောကြားလိုက်ပြီး တရားစွဲဆိုခြင်းများ မပြုလုပ်နိုင်သေးခင် ကာလအထိ လက်ရှိ တာဝန်များကို ထမ်းဆောင်ခွင့်ပြုမည်ဟုလည်း ထုတ်ပြန်လိုက်သည်။

အဆိုပါအရေးတွင် ကုမ္ပဏီများလည်း ပါဝင်နေပြီး အထောက်အထား စာရွက်စာတမ်း ထောင်ပေါင်းများစွာနှင့် သက်သေပေါင်း ရာပေါင်းများစွာရှိကြောင်း NACC အဖွဲ့ဝင် ဗစ်ချာမာဟတ်ဟွန်းက ပြောကြားသည်။

အစိုးရအချင်းချင်းကြား ဆန်ရောင်းဝယ်မှုကို ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသော ထိုင်းနိုင်ငံ၏ နာမည်ကြီး ဆန်ကုန်သွယ်ရေး အဖွဲ့ဖြစ်သော Siam Indica ကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေး သွားမည် ဖြစ်သည်။

ထိုင်းပြည်တွင်း၌ လေလံအောင် ထားသည့် ဆန်များကို Siam Indica ကုမ္ပဏီက နိုင်ငံခြားသို့ တင်ပို့ခြင်း မရှိဘဲ ပြည်တွင်း၌သာ ပြန်လည် ရောင်းချကြောင်း သံသယ ရှိနေခြင်းကြောင့် ယင်းကဲ့သို့ စုံစမ်း စစ်ဆေးခြင်း ဖြစ်သည်။

ထို့အပြင် Siam Indica ကုမ္ပဏီက အခွန်ရှောင်ခဲ့ကြောင်း စွပ်စွဲမှုများ ပေါ်ပေါက်လာသဖြင့် အခွန်များကို ပြန်တောင်းရန် အခွန်ဦးစီးဌာနကို လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမိန့်ပေးလိုက်သည်။

အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်နေခြင်းကြောင့် နိုင်ငံခြား ကုန်သွယ်ရေးဌာန၏ လုပ်ငန်းများအားလုံး နှင့် ဆန်ရောင်းချရေး အစီအစဉ်များ အားလုံးကို ရပ်ဆိုင်းထားရန် ကော်မရှင်က ညွှန်ကြားလိုက်သည်။

စုံစမ်းစစ်ဆေးမှုတွင် မျှတမှုများ ပေါ်ပေါက်နိုင်ရန် ထိုင်းအစိုးရ အဖွဲ့နှင့် ဆန်ရောင်းဝယ်ရေး စာချုပ် ချုပ်ဆိုထားသည်ဆိုသော နိုင်ငံများနှင့် သံရုံးများကို မေးမြန်းရန်လည်း စီးပွားရေး ဒုတိယဝန်ကြီး ယန်ယောင်က NACC ကို တိုက်တွန်းလိုက်သည်။

နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော ထိုင်းဝန်ကြီးချုပ် ယင်းလပ်အတွက် အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

PM Yingluck is to be probed in connection with fake rice deal

 
Caretaker Prime Minister Yingluck Shinawatra will be investigated by the National Anti-Corruption Commission for alleged negligence of duty in connection with a multi-billion baht fake government-to-government rice deal with a Chinese firm.
The decision to investigate Ms Yingluck in her capacity as the chair of the National Rice Policy Committee came after the NACC agreed unanimously to file charges against former commerce minister Boonsong Teriyapirom, former deputy commerce minister Poom Saraphol and 13 other people allegedly involved in the huge scandal which has reportedly cost taxpayers about 20 billion baht in loss.
Commissioner Vicha Mahakhun said Thursday that the NACC had, on several occasions, warned the government about the lack of transparency in the rice deals but all of them were ignored and no attempt was done to mitigate the loss.
http://englishnews.thaipbs.or.th/pm-yingluck-probed-connection-fake-rice-deal/
 

No comments:

Post a Comment