Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

ထွန်စက်တစ်စီး ပေ ၂၀ ချောက်ထဲသို့ထိုးကျ



25-1-2014 (စောင့်ကြည့်သတင်းဂျာနယ်)

ယခုလ ၁၉ ရက်နေ့က ပဲခူးတိုင်း သနပ်ပင်မြို့နယ် သံလျင်လမ်းတွင် စပါးတင်း ၆၀ တင်ဆောင်လာသော နောက်တွဲပါထွန်စက်တစ်စီးသည် စက်ချို့ယွင်းပြီး ပေ ၂၀ မမြင့်ရှိသော ချောက်ထဲသို့ ထိုးကြသွားခဲ့သည်။

သနပ်ပင်ရဲစခန်းတာဝန်မှူး ရဲအုပ်ညီညီထွေးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ ကုလားချောင်းကြေးရွာမှ ပဲခူးဖက်သို့ မောင်းနှင်လာသည့် ထွန်စက်သည် မိုင်တိုင်အမှတ် ၁/၉ ပုသိမ်ရိုးတံတားအနီး ကားလမ်း၏ယာဘက် အောက်သို့ ထိုးကြသွားခဲ့သည်။

ယာဉ်မောင်းမောင်အေးနိုင် အသက် ၄၉ နှစ်အား ခါးနာကျင်ဒဏ်ရာဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ရဲအုပ်ညီညီထွေးက တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ သနပ်ပင်ရဲစခန်းမှ ဒုရဲအုပ်အောင်မြင့်က (ပ) ၂/၂၀၁၄ ပုဒ်မ (၃၃၈) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီဒီယာကျင်တိုး(အုန္နဲ)

No comments:

Post a Comment