Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

တပ်မတော်က ၎င်းနှင့် မသက်ဆိုင်သော မြေနေရာပါသိမ်းကြောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း ပြော

ရန်ကုန်၊ ဇန်န၀ါရီ ၁၃
ယခင်စစ် အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်မှ ၎င်းနှင့် မသက်ဆိုင်သော မြေနေရာ များကို သိမ်းယူ ထားသည်ဟု (ယခင် ဗိုလ်မှူးချုပ်ဟောင်း) ယခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ဒီဇင်ဘာ ၁၀ ရက် နေ့တွင် (BOC-COD) ၀င်း မြေသိမ်းဆည်း ခံရမှုအပေါ် လာရောက် စစ်ဆေးစဉ် မြန်မာသံတော်ဆင့်သို့ ထုတ်ဖော်ပြောသည်။
လယ်ယာမြေနှင့် အခြားများ ပြန်လည်ရရှိရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မြေဧကပေါင်း ၂၄၇,၀၇၇ ဒသမ ၀၆ ဧကခန့် သိမ်းယူထားပြီး ရခိုင်ပြည်နယ်တွင် စစ်တပ်သိမ်း မြေဧက တစ်သောင်းကျော် ရှိသည်။
၎င်းကဲ့သို့ စစ်တပ်မှ မြေသိမ်းမှုအပေါ် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်သိန်းလင်း အနေဖြင့် ““အရင်က ဖြစ်ခဲ့တာကတော့ ဖြစ်ခဲ့တာပေါ့ဗျာ။ အခုပြန်ပြီးတော့ ပေးလို့ရတဲ့ဟာတွေ ပေးစေ ချင်တယ်၊ အရင်က လွန်သွားတော့ ဆောရီးပေါ့။ ဒါပေမဲ့ မလွန်သေးဘဲ ဖြစ်နေတဲ့ ဟာတွေ အများကြီးပဲ။ ဒီခေတ်ကျမှ မြေတွေ ဈေးကောင်းလာမှ ၀ိသမ လောဘတက်ပြီးတော့မှ ကုမ္ပဏီတွေ ဌာနဆိုင်ရာတွေနဲ့ လက်ဝါးရိုက်ပြီး မြေသိမ်းတဲ့ ကိစ္စတွေကို အပူတပြင်း လုပ်နေတာ တွေ့ရတယ်။ အဲဒါတွေက သိပ်မနည်းဘူး။ တပ်သိမ်းတဲ့ မြေတွေကလည်း ပြန်ပေးစေချင်တယ်။ ကျွန်တော် လိုက်ကြည့်တဲ့အခါမှာ သူတို့တပ်နဲ့ မဆိုင်တဲ့ နေရာတွေမှာပါ သိမ်းထားတယ်၊ ပြန်ပေးစေချင်တယ်၊ အခုတော့ ပြောရမယ် ဆိုရင်တော့ ဥပဒေမဲ့ သိမ်းဆည်း ထားတဲ့ မြေတွေကို ပြန်ပေးစေချင်တယ်”” ဟု ပြောသည်။
ထိုကဲ့သို့ စစ်တပ်မှ မြေသိမ်းမှု အပေါ် ဒေါ်နော်အုန်းလှက ““မသက်ဆိုင်တဲ့ နေရာတွေ သာမကဘဲ စစ် တပ်က နေရာတကာမှာ နေရာယူထားတာ အများကြီးပဲ။ သူတို့သားစဉ် မြေးဆက်အထိ မြေနေရာ ကြိုယူ ထားတာပေါ့။ မယူသင့်တဲ့ မြေနေရာတွေ အကုန်ယူတယ်၊ အခုဟာက စစ်တပ်တောင် မဟုတ်တော့ဘူး၊ အာဏာရှိတဲ့ လူတွေ တော်တော် များများတောင် မြေနေရာ သိမ်းယူနေပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အခုမြေသိမ်း နေပြီး စစ်တပ်ရဲ့ မြေသိမ်းမှုနဲ့ ခရိုနီ အများစု မြေသိမ်းမှုမှာ မြန်မာနိုင်ငံရဲ့သုံးပုံ တစ်ပုံလောက် ရှိတယ်””ဟု ၎င်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။
၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ မတရားသော ပုဒ်မများ ပယ်ဖျက်ပေးရန်၊ မြို့တော်ခန်းမရှေ့၌ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား၌ တပ်မတော်မှ အာဏာသိမ်းမှုနှင့် မြေသိမ်းမှုများအပေါ် ““အခု လူတွေနောက်ဆုံး ပြောကြတာက တပ်က အာဏာများ ပြန်သိမ်းမလားတဲ့ ခဏနေဦး အာဏာ မသိမ်းခင် ကိုယ့်ပန်းအိုးထဲက မြေကြီး၊ မသိမ်းခံရအောင် အိမ်ထဲမှာ သိမ်းထားပါလို့ ပြောချင်တယ်””ဟု အခမ်းအနားပွဲတွင် ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၌ စစ်တပ်မှ မြေသိမ်းမှုကြောင့် မြေဧက ၁၉,၀၀၀ ဒသမ ၅၁၉ ဧက ရှိ၍ ၄၃၁ ဧကအတွက် ကျပ်သန်းပေါင်း ၉၉၉ ဒသမ၂၅ သိန်း ကို ၂၀၁၂ ခုနှစ်အတွင်း လျော်ကြေး ပေးခဲ့ပြီး စီမံကိန်း အသုံးပြုထားပြီး မြေများမှ လွဲ၍ ကျန်တပ်သိမ်းမြေအားလုံး ပြန်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စုံစမ်းရေး ကော်မရှင် တာဝန်ရှိသူများနှင့် ဇွန်လ(၂၆)ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် ကတိပြုခဲ့ခြင်း ဖြစ်သည်။
ချမ်းမြေ့ခိုင်

No comments:

Post a Comment