Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

မန်စီးတီးပွဲ အကြည့်ကောင်းလို့ အလုံမှ နေအိမ်တစ်လုံးဆုံးရှုံး


အလုံမြို့နယ် ကမ်းနားလမ်းရှိ Apex ဓါတ်ဆီဆိုင်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင်ဆိုင်သည့် ဓါတ်ငွေ့အရောင်းဆိုင် ကြားရှိပျဉ်ထောင်အိမ်တစ်လုံး ဆေးလိပ်မီးမှတဆင့် ဇန်န၀ါရီလ(၁၂)ရက်နေ့ ည ၉နာရီကျော်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်ကား ၈ စီးနှင့်အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်ကြွမ်းမှုဖြစ်ပွားရာနေအိမ်မီးလောင်ကျွမ်းပျက်စီးကာဆုံးရှုံးမှုတန်ဖိုးငွေ(ခန့်မှန်း)တစ်သိန်းခွဲ ၀န်းကျင်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
 မီးလောင်ချိန် ၁၀ မိနစ်ကျော် ရှိပါတယ်။ သွပ်မိုးသွပ်ကာ ပျဉ်ထောင်အိမ်ပါ။အိမ်ပိုင်ရှင်ကိုတော့ အမှုဖွင့် အရေးယူထားတယ်။ ဆေးလိပ်မီးကတဆင့်မီးလောင်တာပါ။ ဟု အလုံမြို့နယ် မီးသတ်တပ်ဖွဲ့ လက်ထောက် ဦးစီးမှူးဦးကြည်စိုးက ပြောသည်။
အဆိုပါ မီးလောက်ကြွမ်းမှုကို မီးသတ်ကား ၈ စီး၊ ရေသယ်ယဉ် ၂ စီးနှင့် အုပ်ချုပ်ရေးယဉ် တစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ကျွန်တော်တို့ ညီအကိုနှစ်ယောက်လုံး ဘောလုံးပွဲသွားကြည့်နေတာ။မီးလောင်တယ်ဆိုလို့ ပြန်ပြေးလာတော့ မီးသတ်တွေ ရောက်နေပြီ။ နောက်ဖေးကစလောင်တာပါ ဟု အိမ်ပိုင်ရှင် နာဂလာချာက ပြောသည်။
ဇန်န၀ါရီလ(၁၂)ရက်နေ့ အခင်းဖြစ်ပွားစဉ်အချိန်ကအင်္ဂလန်အမှတ်ပေးပြိုင်ပွဲဖြစ်သည့် နယူးကာဆယ်နှင့် မန်စီးတီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေသည့်ဘောလုံးပွဲကို ကြည့်ရှုခဲ့ရာမှယခုကဲ့သို့ ကြုံတွေ့ရခြင်း ဖြစ်သည်။အခင်းဖြစ်ပွားရာနေအိမ်တွင် ညီအကိုနှစ်ဦးနေထိုင်ပြီး အခင်းမဖြစ်ပွားမီက ဖယောင်တိုင်မီး ထွန်းညှိထားသည် ကိုတွေ့ရသည်ဟု အနီးအနားတွင်နေထိုင်သူများကပြောဆိုသည်။
ဓါတ်ဆီဆိုင်နဲ့ ဂတ်ဝင်းနဲ့က အုတ်တံတိုင်းပဲခြားတယ်။ အရှေ့မှာစက္ကူစက်ရုံနဲ့ ဘတ်ထရီအိုးရုံရှိတယ်။ အသိမြန်လို့ မဟုတ်ရင်တစ်ရပ်ကွက်လုံးကုန်ပြီ။ ဟု အိမ်နီးဝန်းကျင်တွင်နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါအိမ်ပိုင်ရှင် ၂ ဦးဖြစ်သည့် နသီဘလူးနှင့် နာဂလာချာတို့နှစ်ဦးကိုအလုံမြိုနယ်ရဲစခန်မှပပုဒ်မ (၂၅၈) နှင့် တရားဆွဲဆိုထားပြီး နသီဘလူးမှာ ထွက်ပြေးတိမ်ရှောင်နေသည်ဟု သိရသည်။

No comments:

Post a Comment