Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

မိမိကိုယ်မိမိ သမ္မတလောင်းအဖြစ် မယူဆထားသဖြင့် မြစ်ဆုံကိစ္စပြောဆိုရန် စောသေးကြောင်း သူရဦးရွှေမန်း ပြောကြား


Friday, January 24, 2014

မိမိကိုယ်မိမိ သမ္မတလောင်းအဖြစ် မယူဆထားသဖြင့် မြစ်ဆုံကိစ္စပြောဆိုရန် စောသေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇန်န၀ါရီ ၂၃ ရက် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာတွင် သမ္မတလောင်းများသည် ရွေးကောက်ပွဲမ၀င်မီကာလတွင် ၎င်းတို့၏ မူဝါဒများကိုချပြလေ့ရှိကြောင်း၊ ဥက္ကဋ္ဌကြီးအနေဖြင့် ၂၀၁၅တွင် သမ္မတဖြစ်ခဲ့ပါက မြစ်ဆုံနှင့်ပတ်သက်၍ ဘယ်လိုမျိုး မူဝါဒတွေချမှတ်ပြီး ကြိုတင်ပြင်ဆင်ထားပါသနည်းဟု သတင်းထောက်များက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက“ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ သမ္မတလောင်း ဘာညာဆိုတဲ့ကိစ္စတွေ၊ ဒါကတော့မေးလို့သာ ၂၀၁၅ အလွန်မှာ သမ္မတလုပ်မလား၊ မလုပ်ဘူးလားဆိုတဲ့ အပေါ်မူတည်ပြီးတော့ ပြောဆိုဆွေးနွေးတာ ဖြစ်ပါတယ်။မိမိကိုယ်မိမိ သမ္မတလောင်းလို့တော့ မိမိဒီလို မယူဆထားပါဘူး။ မိမိသည်နိုင်ငံရဲ့ နိုင်ငံသားအကျိုးစီးပွားကို ဖြစ်နိုင်သမျှစွမ်းဆောင်ပေးဖို့ ရည်ရွယ်ပြီးတော့ အခြေအနေပေးရင် ပေးသလိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုရတာ စောလွန်းပါသေးတယ်” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ဆုံ၌ ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းအား နိုင်ငံတော်သမ္မတက ယခုအစိုးရလက်ထက်တွင် ရပ်ဆိုင်းထားသော်လည်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ ပြောဆိုမှုများ ယခုနှစ်ဆန်းပိုင်းတွင် ရှိလာခဲ့သည်။

Eleven Media Group

No comments:

Post a Comment