Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

ရင်သားကြီးသူတို့သာ နားလည်နိုင်မယ့်အချက် ၉ ချက်

ရင်သားထွားထွားရှိတာကြိုက်တယ်၊ ကြိုက်တယ် ဆို့သော်လည်း ဆိုးကျိုးမရှိဘူးလို့ပြောတာ မဟုတ်ပါဘူး တဲ့။
 


ဒီအကြောင်း  နိုင်ငံတကာမှာ ဘာသာမျိုးစုံနဲ့ လစဉ်ထုတ်တဲ့ Cosmopolitan အမျိုးသမီး စာစောင်ရဲ့ ကလောင်ရှင် Elisa Benson က ရေးထားတဲ့ထဲက တချို့ကို ဒီဘလော့ http://blog.irrawaddy.org မှာ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
၁။ ခါးတိုရှပ် -
ခါးတိုရှပ်အင်္ကျီဝတ်တဲ့အခါ ခါးပေါ်မယ်၊ ဗိုက်သားဟာလာဟင်းလင်းဖြစ်မယ်။
၂။ ဘရာဇီယာလှလှ ရှာမရ -
ဗစ်တိုးရီးယားစီးကရက်မော်ဒယ်တွေဝတ်တဲ့ ဘရာဇီယာမျိုး မရနိုင်။
၃။ ဘယ်ရေကူးဝတ်စုံမှ မတော် -
ဒီလိုပါပဲ။ တထည်ဝတ်လည်း မရ၊ နှစ်ထည်ပူးဝတ်လည်း မရ။
၎။ ရင်သားအရွယ်လျှော့မလားလို့ မေးကြမယ် -
ရင်းနှီးသူရော မရင်းနှီးသူရော သို့ကလို မေးကြ စပ်စုကြတယ်။
၅။ ကိုယ်လက်လှုပ်ရှားကစားမယ် ဆိုရင် အားကစားဘရာဇီယာ တထည်ထက်မက လိုကောင်း လိုမယ်။
အားကစားချိန်အတွင်း ရင်သား ခဏလေး ကျုံ့သွားရင်ကောင်းမယ်လို့တောင် စဉ်းစားမိမှာပဲ။
၆။ ဘရာဇီယာ နံပါတ်ဘယ်လောက်ဝတ်သလဲ မေးကြမယ်။ 
အူကြောင်ကြောင်၊ ခပ်ရိုင်းရိုင်းမေးခွန်းပါပဲ။
၇။ ကျောမပါတဲ့အင်္ကျီ ဝတ်လို့ ရပါ့မလား။
၈။ အမေရိကန်မင်းသမီး  Christina Hendricks ရဲ့ အဝတ်အစားထဲ ဘာတွေဖြစ်နေမလဲ ဆိုတာ တွေးမိလိမ့်မယ်။
သူလည်း ရင်သားဖွံ့လွန်းသူပဲ။
၉။ ကိုယ်ဝန်ဆောင်ရမှာ စိုးရိမ်မိပါလိမ့်မယ်။ လက်ရှိအနေအထားထက်ပိုသွားရင် ဘယ်လိုနေမလဲ ဆိုပြီး စိုးရိမ်မယ်လေ။
 - 
(ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြဖို့အတွက် စည်သူလင်း ဘာသာပြန်ပါတယ်။
နိုင်ငံတကာမှာ ဘာသာမျိုးစုံနဲ့ လစဉ်ထုတ်တဲ့ Cosmopolitan အမျိုးသမီး စာစောင်ကနေ ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ပါတယ်)

No comments:

Post a Comment