Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

အခြေခံပညာသင်ကျောင်းသားများဖေ့ဘုတ်အသုံးပြုမှုပိတ်ပင်ထားခြင်းမရ

ှိ

Thursday, January 16, 2014

facebook လူမှုကွန်ရက်စာမျက်နှာသည် ကမ္ဘာတစ်ဝှမ်းတွင် အသိပညာချိတ်ဆက်ရှာဖွေနိုင်သောကြောင့် အခြေခံပညာသင်ကျောင်းသားများကို သုံးစွဲခွင့်ပြုထားကြောင်း ပညာရေးဝန်ကြီး ဌာန၊ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်ကပြောသည်။

ဖုန်း၊ဂိမ်း၊အင်တာနက် နှင့် အခြားသော အီလက်ထရောနစ်ဆိုင်ရာ ပစ္စည်းများသုံးစွဲခြင်းသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ပညာရေးနှင့်ဆိုင်သော လုပ်ငန်းများကိုချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် အသုံးပြုခွင့်ပေးထားခြင်း ဖြစ်ပြီးညစ်ညမ်းသော ပုံ၊ဗွီဒီယိုများကို ကြည့်ရှုနိုင်ခြင်း မရှိစေရန် အခြေခံပညာကျောင်းများ၏ ကျောင်းအုပ်ဆရာ များအား ညွန်ကြားထားကြောင်း ၄င်းက ဆိုသည်။

အဆိုပါ ဖုန်း ဂိမ်း အင်တာနက် စသည့် အီလက်ထရောနစ် ဆိုင်ရာပစ္စည်းများ ကို အခြေခံပညာကျောင်းသားများအသုံးပြုမှုကန့်သက်တားမြစ်မှု ရှိမရှိနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ယနေ့(ဇန်န၀ါရီ ၁၆) ကျင်း ပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ဒုဝန်ကြီးက
အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းသား/ကျောင်းသူများ ကို ပညာရေးနှင့်မသက်ဆိုင်သော အီလက်ထရောနစ်ဆိုင်ရာ သုံးစွဲခြင်းကို ကျောင်းသားမိဘများမှလည်း ထိန်းကျောင်းကြပ်မတ်ပေး သွားရမည်ဖြစ်ကြောင်း ၄င်းက တိုက်တွန်းပြောကြားခဲ့သည်။

ရန်နိုင်
Popular Myanmar News Journal

No comments:

Post a Comment