Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 20, 2014

ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေနဲ့ ဘဝကို ထူထောင်ရမယ် အေးမြတ်သူ

ရင့်ကျက်မှုတွေ တည်ငြိမ်မှုတွေနဲ့ ဘဝကို ထူထောင်ရမယ် အေးမြတ်သူ အသက်ရလာတဲ့ အခါမှာ သိ လာတာတွေ က အများကြီးပဲ။ ပြော ပြလို့ကုန် မှာတောင် မဟုတ်ဘူး။ ရှင်း ပြလည်း စာအုပ်တစ်အုပ်စာ အထူ ကြီးပဲဖြစ်လိမ့်မယ်။ အသက်ကြီးလာ ရင် အရာရာကို အကောင်းမြင်တတ် လာတယ်။ အရာရာကို စဉ်းစားတွေး ခေါ်တတ်လာတယ်။ တစ်ဖက်လူကို ပါ ကိုယ်ချင်းစာ တရားပေးတတ်လာ တယ်။ အရင်က ကိုယ့်ဘက် အမြင် ပဲကိုယ်ကြည့်တယ်။
အသက် (၂၃၊ ၂၄) နှစ် ရောက် လာတော့ တစ်ဖက် သူကိုပြန်ပြီးနား လည်ပေးတတ်လာ တယ် အကောင်းမြင်လာတယ်။ အဲဒီတော့ အလုပ်မှာ ပိုပြီးအဆင် ပြေလာတယ်။ အလုပ်ကို ပိုပြီးတော့ အလေးအနက် ထားလာတယ်။ ဘဝ ဆိုတာကို သိလာတယ်။ အလှတွေ ထက်စာရင်ဘဝက ဘဝပဲ။ ဘဝဆို တာရင့်ကျက်မှု ဆိုတာရှိတယ်။ ဘဝ ထဲမှာအလှက ပါပေမယ့် အရင်ကလို ၁၀ဝ ရာခိုင်နှုန်းလောက်တော့ အရေးမကြီးတော့ဘူး။ ဘဝမှာရင့် ကျက်မှုတွေ၊ တည်ငြိမ်မှုတွေနဲ့ ဘဝ ဆိုတာကို ထူထောင်ရမယ်။ ဘဝကို အလှနဲ့ထူထောင်လို့ မရဘူး။ အလှ ဆိုတာ ကြာလာရင် ယိုယွင်းပျက်စီး လာတာတွေရှိတယ်။အသက်တွေ ရွေ့ရင်း အချိန်တွေအများကြီးရွေ့ နေရင်းပဲ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင် နေပါတယ်။
ကိုယ့်ကိုယ်ကိုယ်ပြုပြင် ပြောင်းလဲနေတယ်။ အကောင်းကြီး တော့ မဟုတ်ပါဘူး။ လူဆိုတာ အ ကောင်းကြီးမဖြစ်နိုင်ဘူး အဆိုးဆုံး မဖြစ်အောင်တော့နေတယ်။ အချိန် ပြောင်းသရွေ့ကိုယ့်ကိုယ်ကိုယ်ပြုပြင် ချင်သေးတယ်။ အကုန်လုံးပြောင်း ဖို့မဖြစ်နိုင်သေးဘူး။ လူဆိုတာ အတ္တရှိသေးတယ်။ လောဘရှိသေး တယ်။ ဘယ်လိုပဲ သူများဘက်စဉ်း စားပေးတယ်ပြောပြော ငါ့ပစ္စည်း၊ ငါ့အလုပ်ဆိုတဲ့ စိတ်လေးတော့ရှိ သေးတယ်။ အဲဒါတွေရှိမှလည်း လူ ဆိုတာတိုးတက်တယ်။

အေးမြတ်သူဓာတ်ပုံ၊ပါဝင်သရုပ်ဆောင်ထားသည့်ဗီဒီယိုများကြည့်ရှုရန်ဒီလင့်ကိုကလစ်ပြီးကြည့်ရှု နိုင်ပါတယ်။
http://www.venuscurves.com/search/label/AyeMyatThu

No comments:

Post a Comment