Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

ကမ္ဘာ့စစ်တုရင် ချန်ပီယံနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Bill Gates ၊ ၉ကွက်နဲ့ရှုံး




စစ်တုရင်ချန်ပီယံသစ် နော်ဝေနိုင်ငံသား Magnus Carlsen ဟာ Bill Gatesကို အနိုင်ဆော့ဖို့အတွက် ၉ကွက်ပဲရွှေ့ခဲ့ရပါတယ်။ ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေပိုင်း နော်ဝေရုပ်သံအစီအစဉ်မှာ ပြသခဲ့တာပါ။
လူသိများလှတဲ့ နော်ဝေရုပ်သံ အစီအစဉ်တင်ဆက်သူ Fredrik Skavlan ဟာ ဒီပြိုင်ပွဲကို စီစဉ်ခဲ့တာဖြစ်ပြီး နော်ဝေ၊ ဒိန်းမတ် နဲ့ ဆွီဒင်တို့ရဲ့ ရုပ်သံလိုင်းတွေမှာပြသခဲ့ပါတယ်။ “ဒီစိန်ခေါ်မှုကြီးက ကြိုပြီးဟောကိန်းထုတ်နိုင်တဲ့ ရလဒ်ပဲထွက်မှာပါပဲ။” လို့ မိုက်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates ကပြိုင်ပွဲ မတိုင်ခင်မှာပြောခဲ့ပါတယ်။
အသက် ၅၈နှစ်ရှိပြီဖြစ်တဲ့ Bill Gatesဟာ ဒီနှစ် Forbes မဂ္ဂဇင်းရဲ့ အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ဖြစ်ပါတယ်။ ပထမကတော့ မက္ကဆီကိုက Carlos Slim ပါပဲ။
စစ်တုရင်ချန်ပီယံသစ် Magnus Carlsenဟာ တစ်ကွက်ရွှေ့ဖို့ စက္ကန့် ၃၀ လောက်ပဲအချိန်ယူပေမယ့် Bill Gates ကတော့ တစ်ကွက်တစ်ကွက် ၂မိနစ်အချိန်ကုန်ခဲ့ပါတယ်။ ပြိုင်ပွဲအချိန် ၁မိနစ်နဲ့ စက္ကန့် ၂၀ လောက်မှာပဲ Bill Gates ရှုံးသွားခဲ့ပါတယ်။
“အဟေ့ဟေဟေး၊ မြန်လိုက်တာကွာ။” လို့ Bill Gates က Carlsenကိုပြောခဲ့ပါတယ်။
လက်ရှိ စစ်တုရင်ချန်ပီယံ Carlsenဟာ သူ့အသက် ၁၃နှစ်တုန်းက အိန္ဒိယချန်ပီယံ Viswanathan Anand ကို နိုင်ခဲ့ပြီး အဲ့ဒီ့ကတည်းက နော်ဝေနိုင်ငံရဲ့ ရုပ်သံလိုင်းတွေမှာ ကြည့်ရှုသူပရိသတ်တွေ အုံးအုံးထခဲ့သူတစ်ယောက်ပါ။ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတာကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကပါပဲ။

Ref: www.reuters.com
Trend Myanmar

No comments:

Post a Comment