Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

မောင်တောသတင်းရေးသားခဲ့သည့် APနှင့် ဧရာဝတီသတင်းဌာန သတင်းစာရှင်းလင်းပွဲ ဝင်ခွင့်မရ

ရန်ကုန်၊ မဇ္ဈိမ
နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ရက်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်၊ မောင်တောတွင် ဖြစ်ပွား ခဲ့သော ကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကိစ္စကို ရေးသားဖော်ပြခဲ့သော APသတင်း ဌာနနှင့် ဧရာဝတီ သတင်းဌာနတို့ကို ဝင်ခွင့်မပြုဟု အဆိုပါ သတင်းစာရှင်းလင်းပွဲကို သတင်းသွားရောက် ယူသော မဇ္ဈိမ လက်ထောက်အယ်ဒီတာက သတင်းပေးပို့သည်။

ယင်းကဲ့သို့ APနှင့် ဧရာဝတီ သတင်းဌာနတို့ကို ဝင်ခွင့်မပေးသော်လည်း အခြား နိုင်ငံခြားသတင်းဌာန များဖြစ်သည့် AFP၊ CCTV၊ BBC၊ NHK၊ CNAနှင့် ရိုက်တာ သတင်းဌာနများကိုမူ ဝင်ခွင့်ပေးခဲ့ပြီး ပြည်တွင်းမှ MRTV၊ Sky Net၊ Eleven Media Group၊ The Voice၊ 7Dayနှင့် ရန်ကုန်တိုင်း သတင်းဌာနများကိုသာ ဝင်ခွင့်ပြုခဲ့သည်။

သို့သော် ဘာကြောင့် ဝင်ခွင့်မပြုသည်ကိုမူ မသိရသေးပေ။

ဝင်ခွင့်မရသည့် သတင်းဌာနများကိုမူ ညနေ ၄နာရီခန့်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က သတင်းထုတ်ပြန်ပေးမည်ဖြစ်၍ သတင်းထောက်များက နိုင်ငံခြားရေးဝန်ကြီးရုံးတွင် စောင့်ဆိုင်းလျှက်ရှိ သည်။

AP သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာနတို့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးယားတန်းကျေးရွာ တွင် လုံခြုံရေးရဲများနှင့် ဒေသခံများ ပဋိပက္ခတွင် ဒေသခံ ၄၀ခန့် သေဆုံးခဲ့ကြောင်း ရေးသားခဲ့သည်။

သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၈ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အဆိုပါ ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးတို့က သတင်းစာရှင်းလင်းပွဲ ပြု လုပ်နေခြင်း ဖြစ်သည်။
Mizzima - News in Burmese

No comments:

Post a Comment