Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

မီးသင့် သင်္ဃန်းကျွန်း ဈေးနေရာတွင် AKK Shopping Mall ဖွင့်လှစ်


ရန်ကုန်၊ ဇန်နဝါရီ ၂၁

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက မီးလောင်ခဲ့သော သင်္ဃန်းကျွန်း ဈေးနေရာတွင် AKK Shopping Mall ကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဖွင့်လှစ်ကြောင်း ယင်းဈေးဝယ်စင်တာ ဆောက်လုပ်သည့် အောင်ကောင်းကျော် ကုမ္ပဏီအုပ်စု အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စုထက်သိမ့်ကျော်က ပြောကြားသည်။

AKK Shopping Mall သည် စတုရန်းပေ ၄၇၀၀၀ ကျော် ကျယ်ဝန်းပြီး မြေအောက်ခန်း အပါအဝင် အထပ်ငါးထပ်ရှိကာ City Mart စားသောက်ဆိုင်တန်းများ၊ ငွေလဲကောင်တာနှင့် နာမည်ကျော် ဈေးဆိုင်များ အစရှိသည့် ဆိုင်ခန်းပေါင်း ၁၅၀ ကျော် ရှိကြောင်း ၎င်းကရှင်းလင်း ပြောကြားသည်။

အောင်ကောင်းကျော် ကုမ္ပဏီအုပ်စုကို ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ထားပြီး ဟိုတယ်များ၊ အဆင့်မြင့် ကွန်ဒိုမီနီယံများ၊ ဆူပါမားကက်များ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ပြီး AKK Shopping Mall သည် ယင်းကုမ္ပဏီက ပထမဆုံး ဖွင့်လှစ်သော ဆူပါမားကက် ဖြစ်ကြောင်း အောင်ကောင်းကျော် ကုမ္ပဏီအုပ်စု ဒါရိုက်တာ ဦးမင်းသွင်ထူးက ပြောကြားသည်။

ယင်းဈေးဝယ်စင်တာ၏ မြေညီထပ်နှင့် မြေအောက်ထပ်ကို သင်္ဃန်းကျွန်းဈေးအဖြစ် ပြန်လည် ပေးထားသည်။

No comments:

Post a Comment