Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

24.1.2014 to 30.1.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း


Wednesday, January 22, 2014

တနင်္ဂနွေ

စိတ်မြန်၏။ ဇွဲကောင်း၏။ ရှေ့လောကြီး၏ ဆုံးဖြတ်ချက်မြန်၏ ။ ငါသိငါတတ် ငါဆရာ လုပ်တတ်၏။ မဟုတ်မခံ ပါ။ လွတ်လပ်မှု့ လိုလားသော်လည်း တစ်ခါတစ်ရံ တိုင်ပင်ပြီးမှ လုပ်ရဲသူတို့ ဖြစ်၏။ ကွက်ကျော်မြင် ၊ အကဲခတ် ကောင်းသော်လည်း ကိုယ့်စိတ်ကိုယ် မပိုငဖြစ်မည်။ အချစ်ရေး အဆင်ပြေ၏။ လက်ထပ် မင်္ဂလာဖြစ်မည်။ ကိုယ်ချစ်တဲ့သူ မိဘတို့က သဘောမတူပါ။ ရည်ရွယ်ချက်များပြီး စိတ်တိုင်းမကျ ဖြစ်နေမည်။ ရာထူးတက်မည်။ ကိုယ်ပိုင် စီးပွားရေး ကောင်းမည်။ ခရီးဝေး သွားရမည်။ လက်ဆာင်ရမည်။ ထီထိုးပါ။ ထီပေါက်လိမ့်မည်။ ၁ ထိပ် ၈ ပိတ်ထိုးပါ။

အကျိုးပေးဂဏန်း - ၁၊၄၊၉။



အထူးဟော - အားလုံးအဆင်ပြေမည်။

ယတြာ - တနင်္ဂနွေနေ့ နံနက်တွင် တနင်္ဂနွေနံ ဘုရားကို အုန်းပန်း ကပ်လှူပါ။

တနင်္လာ

မရည်ရွယ်ဘဲ ခရီးထွက်ဖြစ်မည်။ အမှတ်မထင် ကြုံတွေ့သူနှင့် ရည်းစားဖြစ်မည်။ သံယောဇဉ် ကြီးတတ်သော စိတ်ကြောင့် မယူချင်ဘဲ နှင့် မချစ်ပါနှင့်။ လူယုံထားပြီး ငွေမချေးပါ နှင့်။ ပြန်မရတတ်ပါ။ ထိတ်လန့်မှု့ လေးတွေ ဖြစ်တတ်၍ ဂရုစိုက်ပါ။ စာမေးပွဲ ဖြေဆိုမှု့ များအောင်မြင်မည်။ အလုပ်အကိုင်တွေ ဆက်တိုက် အဆင်ပြေပါမည်။ အင်တာဗျူးဖြေပါက အောင်မြင်မည်။ ရာထူးတက် ၊ လစာတိုး ပြောင်းရွှေ့မှုတွေ ဖြစ်မည်။ ခြေ ၊ လက် နာကျင်နိုင်၍ ဂရုစိုက်ပါ။ စပ်တူထိုးလျှင် ထီပေါက်မည်။ ဗုဒ္ဓဟူဒ ၊စနေနှင့် စပ်ထိုးပါ။ အနောက်တောင် ဘုမ္မိအရပ်ကို စီးပွားရေး မလုပ်နှင့် အချစ်ရေးမှာ မရည်ရွယ်ဘဲ လက်ထပ်ရတတ်တယ်။

အကျိုးပေးဂဏန်း - ၂၊၄၊၈။

အထူးဟော - အောင်မြင်ပါမည်။

ယတြာ - တနင်္လာနေ့နံနက် (၇) နာရီ မှာ တနင်္လာနံ ဘုရားကို ကံ့ကော်ညွန့် (၁၅) ညွန့် ကပ်လှူ၍ ရေအေး ရေသက်စေ့ ရေသပ္ပါယ်ပါ။

အင်္ဂါ

လွတ်လပ်မှု့လိုလား သူဖြစ်ပြီး လွတ်လပ်စွာ လုပ်တတ်သူ ဖြစ်ပါတယ်။ စွန့်စားမှု့ ၊ စူးစမ်းမှု့ ၊ စမ်းသပ်မှု့ များ၍ ချစ်သူများလာတတ်ပါတယ်။ အချစ်လက်ဆောင်လေးတွေ သင့်ကို ပေးလာကြလိမ့်မည်။ အချစ်ပျားရည် စမ်းခရီးလေးတွေ ရောက်မှာ သွားရမှာသေချာပါတယ်။ လုပ်ငန်း တစ်ချို့ တပိုင်းတစ နှင့် ရပ်နားနေရတတ်ပါတယ်။ စက်ပစ္စည်းများ စက်ချို့ယွင်းနိုင်ပါတယ်။ အိမ်ထောင်ရှိသူများ ဖောက်ပြန်မှု့ ဖြစ်မည်။ အိမ်ခန်း ပြဿနာ တတ် တတ်၍ ဂရုစိုက်ပါ။ ရစရာငွေ တစ်ချို့ ရမည်။ ရင်းနှီးသူနှင့် စိတ်ဝမ်းကွဲမည်။ အကြီးအကဲရဲ့ အပြစ်တင်ခြင်း ခံရမည်။ ခြေ ၊ လက် တို့ ခိုက်မိတတ်တယ်။ ဆုလာဒ်တွေ ရတတ်တယ်။

အကျိုးပေးဂဏန်း - ၁၊၃၊၆။

အထူးဟော - အားလုံးအတိုက်အခံ ဖြစ်ပြီးမှ အဆင်ပြေမည်။

ယတြာ - အင်္ဂါနံဘုရားကို အင်္ဂါနေ့ နံနက် (၇) နာရီ တွင် အုန်းဆွမ်းကပ်လှူပါ။

ဗုဒ္ဓဟူး

စိတ်လေနေမည်။ အတွေးများနေမယ်။ ခရီးတွေ လျှောက်ထွက်နေချင်တယ်။ ပညာရေး အောင်မြင်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေရစရာဝင်မည်။ အတိုက်အခံ တွေ အောင်မြင်မည်။ အချစ်ရေးမှာ အထင်လွဲပြီးမှ အဆင်ပြေမည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်တတ်၍ ဆင်ခြင်ပါ။ လွတ်လပ်မှု့လိုလားသူ ဖြစ်တယ်။ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားချင်တယ်။ ဆုံးဖြတ်ချက် မြန်နေပါတယ်။ အဝေးမိတ်ဆွေ က ကူညီမယ်။ ကား ၊ စက် ၊ မြေ ၊ အိမ်တစ်ခုခု ဝင်လာမည်။ ကျန်းမာရေးကောင်းနေမည်။ မိသားစု စိတ်ချမ်းသာမှု့ရမည်။ စပ်တူ ကိုယ်ပိုင်အလုပ်လုပ်လျှင် အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။

ကြာသပတေး

ရည်ရွယ်ချက်များ သလောက် စိတ်တိုင်းမကျ သလို ဖြစ်နေမည်။ တပြိုက်နက်တည်း အားလုံး အောင်မြင်ရန် မလုပ်သင့်ပါ။ တစ်ခုပြီးမှ တစ်ခု လုပ်ပါက အောင်မြင်ပါမည်။ သင်က လူရွေးပေါင်းသူ ဖြစ်တယ်။ မဟုတ်မခံ စိတ်ရှိသူ ဖြစ်တယ်။ အပြောပွင့်လင်း၍ အသုံးကြမ်းတယ်။ တစ်ချို့က မာနကြီးတယ်လို့ အထင်ခံရတယ်။ သို့သော် အကျွေးအမွေး ရက်ရော မှု့ ၊ အလှူအတန်း ဝါသနာပါ၍ စိတ်ကောင်း ရှိကြောင်း လူအများက ယုံကြည်ကြမည်။ အပေါင်းအသင်းကောင်းရဲ့ ကူညီမှု့ကြောင့် သင့်ဘဝ မုချ ချမ်းသာမှု့ ယခု အချိန်က စတင်ပြီဟု မှတ်ပါ။ ခရီးဝေး မကြာမှီ သွားရမည်။ အတိုက်အခံ ကြုံမည်။ ကျော်လွှားနိုင်မည်။ ကိုယ်ပိုင် အလုပ်အောင်မြင်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၂။

အထူးဟော - အဆင်ပြေမည်။

ယတြာ - ကြာသပတေးနေ့ နံနက်တွင် ဘုရားကို အုန်းဆွမ်း ကပ်လှူပါ။

သောကြာ

စိတ်မြန်တယ်။ တယူဿန် စိတ်ရှိတယ်။ သံယောဇဉ် ကြီးတယ်။ ရည်ရွယ်ချက်များတယ်။ တစ်ခုပြီး မှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ အလုပ်တစ်ခု မှ တစ်ခုသို့ ပြောင်းရတတ်၏။ လက်ရှိ အလုပ်ရာထူး တက်မည်။ ချစ်သူဟောင်းနှင့် ပြန်ဆုံမည်။ ချစ်သူ အသစ် နှင့်ရမည်။ ခရီးဝေးတွေ ရောက်ရမည်။ အပေါင်းအသင်းကူညီမှု့ ရမည်။ မိဘ ၊ ဆရာသမားတို့ ၏ ကူညီမှု့ ၊ စောင့်ရှောက်မှု့ ရမည်။ ဝင်ငွေ ကောင်းလာမည်။ စီးပွားတက်လာမည်။ ထီကံပါသည်။ ထီထိုးပါ။ ပေါက်လိမ့်မည်။ ကောင်းသတင်းကြီးမည်။ စေ့စပ်ခြင်း ၊ လက်ထပ်ခြင်းတို့ဖြစ်မည်။ စီးပွားရေးကံပြန်ကောင်းလာမည်။

အကျိုးပေးဂဏန်း - ၆၊၉၊၁။

အထူးဟော - စိတ်ချမ်းသာရလိမ့်မည်။

ယတြာ - သောကြာနေ့ တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။

စနေ

မိတ်ဆွေ သစ်တွေ တိုးမည်။ ခရီးဝေး တွေရောက်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ အလုပ်ဟောင်း အပြင် အလုပ်အသစ်များ လုပ်ရလိမ့်မည်။ ငယ်ပေါင်းမိတ်ဆွေ သူငယ်ချင်း တို့ပြန်ဆုံမည်။ လက်ဆောင်ကောင်းတွေရမည်။ ချစ်သူ နှင့် အဆင်ပြေမည်။ ရင်းနှီးသူ နှင့် စိတ်ဝမ်းကွဲ ပြီး ပြန်ခေါ်မည်။ ငယ်စဉ်ကတည်းက မိဘ ပေးစားသူကို ရည်ရွယ်သော်လည်း ကြီး လာသော ယနေ့တွင် ကိုယ်ချစ်တဲ့ သူကို မိဘ သဘောမတူ ဖြစ်လာ၍ စိတ်ဆင်းရဲမှု့ ဖြစ်လာမည်။ ငွေကြေးဝင်လာမည်။ စီးပွားရေး အဆင်ပြေလာမည်။ အလုပ်ကိစ္စ အဆင်ပြေလာမည်။ စက် ၊ မြေ ၊ အိမ် တို့ ဝင်လာမည်။

အကျိုးပေးဂဏန်း - ၇၊၉၊၁။

အထူးဟော - အောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် အိမ်ဘုရားကို အောင်သပြေပန်း(၁၉) ညွန့် နှင့် သောက်တော်ရေး ကပ်လှူပါ။ မုချအောင်မြင်ပါမည်။

Myit Ma Kha Media Group.

No comments:

Post a Comment