Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2013

ရေသုတ်တံ (Wiper) အား အစား Ultrosonic နည်းပညာကို အသုံးပြုမယ့် McLaren


19-12-2013 (Myanmar Consumer Guide)

Top Gear ရဲ့ Host ဖြစ်သူ Jeremy Clarkson ရဲ့ အပြောအရဆိုရင် ရေသုတ်တံ (wiper) တစ်ခုကို ဖန်တီးဖို့ အင်ဂျင်နီယာများဟာ လပေါင်းများစွာ အချိန်ယူရတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင် wiper တွေ ချို့ယွင်းခြင်းမှ ဘယ်ကို ကာကွယ်နိုင်မလဲ။ McLaren ရဲ့ အဖြေကရှင်းပါတယ်။ ကားတွေမှာ Wiper တွေ အသုံးပြုဖို့ မလိုတော့အောင် တီထွင်ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။

McLaren ရဲ့ 12C စူပါကားအချို့ဟာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ wiper ချို့ယွင်းတဲ့ ပြဿနာများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တိုက်လေယာဉ်များအလား ထူးခြားဆန်းပြားပြီး လျင်မြန်သွက်လက်တဲ့ စူပါကားများကိုသာ ထုတ်လုပ်နေတဲ့ McLaren ဟာ တိုက်လေယာဉ်များမှာ အသုံးပြုတဲ့ နည်းပညာကို ယင်းတို့ရဲ့ အနာဂတ်စူပါကားများမှာ ထည့်သွင်းသွားမယ်လို့ သိရှိရပါတယ်။

McLaren ဒီဇိုင်းဌာနရဲ့ အကြီးအကဲဖြစ်တဲ့ Frank Stephenson က အင်တာဗျူးတစ်ခုမှာ ultrasonic အသံလှိုင်းတွေကို ကားရှေ့မှန်ပေါ် ထုတ်လွှတ်ပေးမယ့် စက်ပစ္စည်း (Ultrasonic Transducers) တွေကို အနာဂတ် McLaren စူပါကားတွေမှာ တွေ့မြင်ရဖွယ် ရှိတယ်လို့ အရိပ်အမွက် ပြောကြားသွားခဲ့ပါတယ်။ 30kHz အားရှိတဲ့ ဤအသံလှိုင်းတွေဟာ ကားရှေ့မှန်ပေါ် တင်နေတဲ့ ဖုန် ၊ ရေ ၊ နှင်း၊ အမှိုက်စတာတွေကို အလွယ်တကူ ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။

Ultrasonic Transducers များဟာ အရွယ်အစား သေးငယ်လို့ ဒီဇိုင်နာများ အနေနဲ့ မိမိတို့ရဲ့ စိတ်ကူးများကို ပိုမိုဆန်းသစ်ပြီး ပုံဖော်နိုင်မှာဖြစ်သလို Wiper များနဲ့ မောင်းနှင်တဲ့ မော်တာများ မပါဝင်တော့လို့ စူပါကားများအတွက် အထူးအရေးကြီးတဲ့ အလေးချိန်လည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

McLaren အနေဖြင့် ဤနည်းပညာအား လက်တွေ့အသုံးချမည့် အချိန်အား မသိရှိရသော်လည်း 12C အား ဆက်ခံမည့် စူပါကား ဒါမှမဟုတ် လူပြောများနေသည့် Mclaren P13 စူပါကားများမှာ ပါဝင်လာဖို့တော့ မျှော်လင့်ရပါတယ်။

No comments:

Post a Comment