Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 13, 2013

မိခင်သောက


တရုတ်ပြည်ကမိခင်တစ်ယောက်ဟာ သူသေဆုံးသွားခဲ့ရင်သူ့ သားကိုတစ်ယောက်ယောက်က ဆက်ပြီးစောင့်ရှောက်ပေးကြဖို့  မေတ္တာရပ်ခံနေပါတယ်။
တရုတ်ပြည်ဟီနန်ပြည်ရဲ့ မြို့ တော်မှာနေထိုင်တဲ့ ဒီအမေအိုဟာ အသက် ၈၀ ရှိပြီဖြစ်ပြီးသားဖြစ်သူကတော့ ၄၈နှစ်ရှိနေပြီဖြစ်ပါတယ်။ဦးနှောက်ချို့ ယွင်းနေတဲ့သားဖြစ်သူကို လှောင်အိမ်ထဲမှာသူ့ အသက်၆နှစ်အရွယ်
ကစပြီး ထည့်ထားခဲ့ရပါတယ်။ ဒီလိုထားတာရက်စက်တယ်လို့ ဆိုကြပေမယ့် မိခင်ဖြစ်သူကတော့ ဒီလိုထားတာ သူ့ သားကိုကာကွယ်ထားတာ လို့ ပြောပါတယ်။ငယ်ငယ်က အဖျားအရမ်းကြီးပြီး ဦးနှောက်ယိုယွင်းသွား တဲ့သားဖြစ်သူဟာတခါတလေဓား၊ပုလင်းကွဲသူကိုယ်သူလှီး လို့ ဒီလိုလှောင်အိမ်နဲ့ ထားခဲ့ရတယ်လို့ ပြောပါတယ်။ဆေးကုသစရိတ်မတတ်နိုင်တာရယ်၊နောက်တော့
သူ့ ကိုယ်သူ အနာတရဖြစ်အောင် လုပ်မှာစိုးရိမ်တာကြောင့် ဖခင်ဖြစ်သူက ငယ်စဉ်ကလှောင် အိမ်သေးသေး၊နောက်ကြီးလာတော့ ပိုကြီးတဲ့လှောင်အိမ်ဆောက်ပြီးသားဖြစ်သူကိုထည့်ထားခဲ့ပါတယ်။
"သူကိုယ်သူမထိန်းနိုင်ဘူးလေ။လမ်းလျှောက်ရင်းနဲ့ ချော်လဲပြီးမျက်နှာမှာသွေးတွေထွက်ရော။
သူအမေဆိုတဲ့အဓိပ္ပါယ်ကိုနားမလည်ပေမယ့် သူကျမကိုတော့သိမှာပါ။သူကကျမရဲ့ ၄၈နှစ်သားလေးပေါ့။" လို့ အသက်၈၀အမေအိုကပြောပါတယ်။ 
အခုတော့ယောက်ျားဖြစ်သူဆုံးပါးသွားပြီးအကယ်၍သူသေဆုံးသွားခဲ့ရင်တစ်ယောက်ယောက်
ကသူ့ သားကိုဆက်ပြီးစောင့်ရှောက်ပေးဖို့ မျှော်လင့်နေပါတယ်။
themeltingpot4u.com

 

No comments:

Post a Comment