Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 2, 2013

စင်ကာပူ နိုင်ငံကျော် Raffles College of Higher Education ၌ ကျောက်မျက်ရတနာ ဒီဇိုင်း ဘာသာရပ် (Jewellery Design) ကိုတက်ရောက်နိုင်


Monday 2nd December 2013

ပြည်တွင်း၊ ပြည်ပတွင် နာမည် ကျော်ကြားသော ကျောက်မျက် ရတနာ Designer တစ်ယောက် အဖြစ် ရပ်တည်လိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများတွင် အကြီးမားဆုံး ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု အများဆုံး ရရှိထားသော Raffles College of Higher Education ကျောက်မျက် ရတနာ ဒီဇိုင်း ဘာသာရပ်ကို တက်ရောက် သင်ယူနိုင်ကြောင်း သိရသည်။

ထိုကျောက်မျက်ရတနာ ဒီဇိုင်း ဘာသာရပ်တွင် အရည်အသွေး ကောင်းပြီး တန်ဖိုး မြင့်မားသော ကျောက်မျက် ရတနာများ၏ ဒီဇိုင်းကိုသာ သင်ကြားခြင်း မဟုတ်ဘဲ အရည်အသွေးမမီသော ကျောက်များကို ဒီဇိုင်းလှပအောင် ပြုလုပ်ခြင်း၊ ဈေးကွက်ထဲတွင် မည်သို့ ဝင်ငွေရအောင် လုပ် ဆောင်နိုင်ပုံများကိုပါ သင်ကြား ပေးခြင်းဖြစ်သည်။ ကျောက်မျက် ရတနာများအပြင် အခြားသော သတ္တု၊ ပလတ်စတစ်၊ သစ်သား အစရှိသော ပစ္စည်းများဖြင့်လည်း လက်ဝတ်ရတနာ ဒီဇိုင်းများ ပြုလုပ်ပြီး ဈေးကွက် ရှာဖွေတတ်စေရန် သင်ကြားပေးသည်။

ကျောက်မျက်ရတနာ ဒီဇိုင်း ဘာသာရပ်ကို တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ခေတ်မီကျောက်မျက် ရတနာ ဒီဇိုင်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှု ဒီဇိုင်း စသည့် ကျယ်ပြန့်လှသော ဒီဇိုင်း ပညာရပ်များကို လေ့လာရမည် ဖြစ်ပြီး ဒီဇိုင်းများ လေ့လာရာတွင် ကုန်ကြမ်းပစ္စည်း အသုံးပြုမှုများ၊ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ ဖန်တီးစိတ်ကူး ပုံဖော်မှုများနှင့် ပြုပြင် မွမ်းမံမှုများကိုပါ သင်ကြားပေး မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ အနေဖြင့် ကျောက်မျက်ရတနာ ဒီဇိုင်း ဘာသာရပ်ကို သုံးနှစ် တက်ရောက်ရမည် ဖြစ်ပြီး အဆင့်မြင့် ဒီပလိုမာတန်း ပထမနှစ် မပြီးဆုံးမီ သုံးလအလိုတွင် ဘာသာရပ်ဆိုင်ရာ Major Project တစ်ခုနှင့် လက်တွေ့ လုပ်ငန်းခွင် ဆင်းခြင်းများ ပြုလုပ်ကာ Raffles Design Institute မှ ပေးအပ်မည့် Advanced Diploma လက်မှတ် ရရှိနိုင်ပြီး နောက်ဆုံးနှစ် ဒီဂရီတန်း တစ်နှစ် အောင်မြင်ပါက Aust-ralia, Sydney ရှိ Raffles College of Design and Commerce မှ ပေးအပ် ချီးမြှင့်မည့်Bachelor of Design (Jewellery Design) ဘွဲ့ကို ရရှိမည် ဖြစ်သည်။

ကျောင်းဖွင့်ချိန်များကို နှစ်စဉ် ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်နှင့် အောက်တိုဘာလများတွင် သတ်မှတ်ထားကြောင်း သိရသည်။

Raffles College of Higher Education ၏ ဘာသာရပ် အကြောင်းကို အသေးစိတ် သိရှိ လိုပါက ရန်ကုန်ရုံးချုပ် အဆောင် (၅) အခန်း(၄) MICT Park လှိုင်တက္ကသိုလ် နယ်မြေ လှိုင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးရုံးခွဲ အမှတ်(၈၂) (၇၂)လမ်း (၃၁x၃၂) လမ်းကြား ချမ်းအေးသာစံမြို့နယ် မန္တလေးတိုင်း ဒေသကြီး ဖုန်း-ဝ၁-၅၂၁၁၂၅၊ ဝ၁-၆၅၂၂၈၈၊ ဝ၁-၂၅၁၃၃၂၊ ဝ၉-၅ဝ၆၂၁၇၁ နှင့် ဝ၉-၅ဝ၆၂၁၆၁ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
MWD

No comments:

Post a Comment